နီးလိုစိတ်​-9

1 0 0
                                    

လွမ်းတိုင်းငိုမိတဲ့အခါ စိတ်​တို့ယိုင်​နဲ့လာတယ်
စိတ်​မာလွန်းပါတယ်​ဆိုပြီး မာန်​တက်​ခဲ့သမျှ
အလဲလဲအပြိုပြိုဖြစ်​ရတာပါပဲ ​ပျော်​​ပျော်​ရွှင်​ရွှင်​​နေပါတဲ့ နားမ​ထောင်​မိတဲ့သူမှာ ကြိတ်​ငိုရတဲ့ညနက်​ည​တွေသာတိုးလာတယ်​ တ​ရေးနိုးလန့်​နိုးမိတဲ့ညနက်​​တွေဟာ အဆင်​​​ပြေနေရဲ့လား အဆင်​မ​ပြေ​နေ​တော့ဘူးအ​တွေး​တွေနဲ့မျက်​ရည်​​တွေသာကျရပြန်​တယ်​ ဒီစိတ်​နဲ့ရူးသွား​တော့မလား​တွေးမိပြန်​​တော့ ပြန်​လာချိန်​မှာစကားနား​ထောင်​ပြီး အ​ကောင်းဆုံးဖြတ်​​ကျော်​နိုင်​ခဲ့တယ်​ဆိုပြီး ချီးကျူးခံချင်​ခဲ့တာ အဆင်​​ပြေသွားမှာပါ​ပြောရင်း မ​ရေတွက်​ခဲ့တဲ့ရက်​တို့အ​ကြောင်း​တွေးမိပြန်​​တော့ ကျန်​ရက်​​တွေကို​ကြောက်​လာတယ်
ပြိုလဲချိန်​တိုင်းဆွဲထူ​ပေးခဲ့တဲ့သီချင်း​လေးကိုမုန်းလာပြီ ခွဲခွာချိန်​တစ်​ခုတည်း​သောလက်​​ဆောင်​​လေးကို​တောင်​ မုန်း​နေသတဲ့ ဘယ်​​လောက်​​တောင်​ဆိုး​နေသလဲ​ ငိုရလို့မနာကျင်​ပါဘူး ဘယ်​ဘုရားသခင်​ကပဲသနားလို့ဖြစ်​ဖြစ်​​တောင်းဆုပြည့်​ချင်​​စေရင်​ အဆင်​​ပြေ​နေ​ကြောင်းကြားသိရပြီး မျက်​နှာ​လေးမြင်​ခွင့်​ရချင်​ရုံပါ အဆင်​​ပြေမှာပါ အဆင်​​ပြေသွားမှာပါ

F.A.R.Where stories live. Discover now