အပိုင်း-၂၄

11.8K 1K 20
                                    

(Unicode)

" ဟင်းတွေက အရသာဘယ်လိုလဲ ခငယ်"

" ကောင်းတယ်"

ဆေးထည့်ပေးနေသော ခခသည် ခံ့ညားအမေးကို ပြန်ဖြေလာပုံမှာ ပြတ်တောင်းတောင်း ။

သို့သော် လိမ်နေတာမဟုတ်တာတော့ သေချာသည်။

" ဘာလိုလို နဲ့ မနက်ဖြန်ဆို ခွဲရတော့မယ် "

အန်တီချိုတို့ ပြန်လာတော့မည် ဖြစ်၍ ခပ်ဆွေးဆွေးဆိုလိုက်တော့ ဆေးထည့်ပေးနေသော ခခ လက်ကလေးများ ငြိမ်သွားသည်။

" ကိုယ်တော့ လွမ်းနေတော့မှာပဲ... "

" မတွေ့ရတော့မယ့် သူတွေမှ မဟုတ်တာ "

နံရံဆီက အကြည့်မခွာဘဲ
ပြောလာသော ခခပုံလေးမှာ ချစ်စဖွယ်။

ခံ့ညားမှာ အလွန် အသည်းယားမိလာတာကြောင့် ခန္ဓာကိုယ်လေးကို ဆွဲလှည့်ကာ ခပ်တင်းတင်း ဖက်ထားလိုက်တော့ ပုံမှန်လို သူမရုန်း ။

သို့သော် ပြန်လည် ဖက်တွယ်ခြင်းမျိုးလည်း
မရှိ။

ကျောက်ရုပ်ကလေးလိုသာ တောင့်တောင့်လေးဖြစ်လို့နေသည်။

"ဒီနေ့စိတ်မကြည်ဘူးလား... ကိုယ့်ကိုလည်း
တစ်နေကုန်စကားမပြောဘူး... မျက်နှာလည်း မကောင်းဘူး... ဘာတွေ စိတ်ညစ်စရာရှိလို့လဲ ပြောပါဦး ခငယ်လေးရဲ့"

ဖက်ထားလျက်ပင် ဆံပင်တွေကြား လက်ကိုလျှိုသွင်းလိုက်ပြီး အသာအယာ ထိုးဖွရင်း မေးလိုက်တော့ သက်ပြင်းချသံ သဲ့သဲ့လေး ကြားရသည်။

ခံ့ညား ပုခုံးပေါ် တင်ထားသော မေးဖျားလေးမှာလည်း ပိုလို့ နစ်ဝင်သွားသယောင် ။

"ဒီလိုပါပဲ စိတ်ရှုပ်လို့ "

လေသံတိုးဖျဖျလေးသည် ခံ့ညားကို သွက်သွက်ခါသွားစေသည်။

" ဘာဖြစ်လို့လဲ... ဘယ်သူ့ကြောင့်လဲ ခငယ်"

" ကျွန်တော် မပြောပြချင်ဘူး "

" ဒါဆိုရင်လည်း စိတ်ညစ်စေရမယ့် အကြောင်းတွေကို အခုကစ မေ့ပစ်လိုက်တော့... "

" တခြား ကိစ္စတွေကို မေ့လို့ရပေမယ့် သူက တော့မရဘူး"

သူ ဆိုတာက...။

အပိုဆု Where stories live. Discover now