အခန်း(၄)သာမန်ဘဝနဲ့ပျော်မွေ့နေပါပြီ

Start from the beginning
                                    

မင်းသားလေး လိုင်ချယ်စကားကြောင့် အမတ်ချုပ် ခေါင်းနပန်ကြီးသွားတယ်။ သူထင်မထားမိဘူး၊ အိုင်နဲတစ်ယောက်တကယ်ကြီးထွက်သွားတယ်ဆိုတာ...သူက ဒီလိုထီးနန်းမက်၊ ဘာမှမလုပ်တတ်တဲ့မင်းသား..ထွက်သွားမယ်ဆိုတာ အိမ်မက်တောင်မမက်ဘူး။

"မင်းသားလေး အိုင်နဲကပြောသွားတယ်၊ သူဒီမှာမနေချင်တော့ဘူး။ သူတောရွာမှာပဲယာလုပ်စားတော့မယ်လို့ပြောသွားတယ်"

"ဘာ.."

"သူကပြောတာ..သူ ဘုရင်ကြီးပြောပြတဲ့သမိုင်းကြောင့် သူအမှန်မြင်ရပြီး ဘုရင်ဆီလာခွင့်တောင်းတာတဲ့...ကျွန်တော်မျိုးလဲ သူကိုမယုံဘူး၊ သူလိုဘာမှမသိ တုံးတဲ့မင်းသားက ယာလုပ်စားချင်တယ်ဆိုတော့.....သူကိုသနားအောင်..လုပ်ကြံပြောတယ်မှတ်လို့ ဘုရင်ကိုတောင်ဘာမှမပြောဘူး"

အမတ်ချူပ်ကားခ် စကားကြောင့် မင်းသား လိုင်ချယ်..မဲ့ရယ် ရယ်မိတယ်။ ကားခ်လဲသံရောင်လိုက်ပြီးရယ်လိုက်တယ်။'အော်..မင်းသားလိုင်ချယ်လဲ အိုင်နဲကိုသိပ်စိတ်ထဲမထားဘူးပဲ'။ သူတို့နှစ်ယောက်ရယ်နေတာကို မင်းသားလေး ယူအမ်ကတော့ မရယ်ဘဲ ခပ်တည်တည်ကြည့်နေလိုက်တယ်။ သူ့မျက်နှာမှာလဲ ဒီကိစ္စကသူ့အတွက်အရေးမပါဘူးဆိုတဲ့ရုပ်မျိုးနဲ့။

'မင်းသားအိုင်နဲဆိုတာ သူတစ်ပါးပေါ်အခွင့်ကောင်းယူတတ်သူ..ထွက်သွားပြီးရင်တောင် ဘာမှမလုပ်တတ်လို့ငိုပြီးပြန်လာမှာကို မြင်ယောင်တယ်' ကားခ်တစ်ယောက်ကြိတ်တွေးရင်း ပိုပြီးရယ်သံကျယ်လာတယ်။

>>>>>>

"ဟတ်ချိုး~"

အိုင်နဲ နှာခေါင်းကိုပွတ်ရင်း 'တစ်ယောက်ယောက် ငါ့အတင်းပြောနေတယ်ထင်တယ်'...

သူ့ကိုစိုးရိမ်သလိုကြည့်နေတဲ့ကြောင်လေးကာလီခိုကို ပွတ်ရင်း ပြုံးနေလိုက်တယ်။ 'ဝါး..ချစ်စရာလေး' တိရိစ္ဆာန်တွေဆိုအရမ်းချစ်တတ်တဲ့ အိုင်နဲတစ်ယောက်... သူ့ရဲ့ခွေးလေး ဒိုင်ကိုရု အတွက် ခွေးအိမ်ဆောက်ပေးဖို့ သူမှာ မအားနိုင်ဘူး.. သစ်သားတွေစု တူတွေသံတွေနဲ့အဆင်သင့်လုပ်ပြီး လုပ်ငန်းစလိုက်တယ်။

သူ့မှာအပင်ပေါင်းတင်၊ရေလောင်းလိုက် တိရိစ္ဆာန်တွေကိုအစားကျွေးလိုက်၊ရေချိုးပေးလိုက် ချောင်းဘေးမှာငါးမျှားလိုက် ချက်လိုက်ပြုတ်လိုက်နဲ့ သူ့ဘဝသူအရမ်းကျေနပ်ပျော်ရွှင်နေတယ်....သူဒီလမ်းရွေးခဲ့တာအရမ်းမှန်တယ်။ နန်းတော်လိုတစ်နေ့တစ်နေ့ အပြိုင်အဆိုင်နဲ့၊ တိုင်းရေးပြည်ရေးနဲ့ပူလောင်နေတာ...ခုများတော့သူ့ဘဝကသာသာယာယာ...

သာမန်ဘဝမှာပျော်မွေ့ချင်ပါတယ် 田舎ライフを楽しみたいんだ (translation)Where stories live. Discover now