"အင်း...သူတားလည်း ငါကရှေ့ဆက်တိုးသင့်တယ်လို့ယူဆရင် ရှေ့ဆက်တိုးရမှာပဲ"
ဒီလိုနဲ့ ဘယ်အချိန်တစ်ခုခုဖြစ်သွားမယ်မှန်းမသိတဲ့ သူ့အနားမှာ ရိပေါ်ကို ချည်ပြီးတုပ်ပြီးထားရမှာလား။ ကြိုးတုပ်ပြီးတုတ်နဲ့ရိုက်ရင်တောင် ရှောင်းကျန့် ရိပေါ်နဲ့ဝေးကွာဖို့ကိုပဲ ထပ်ရွေးချယ်ခဲ့ဦးမှာ။
"ဟား....ဘာနဲ့မှချည်နှောင်တာကို မခံချင်တဲ့ သူကလေ...! ကျွန်တော် ခင်များကိုကျေးဇူးတင်တယ်။ ရိပေါ်ရဲ့ဆုံးဖြတ်ချက်တွေမမှားစေခဲ့လို့။ အဲ့တော့ ဒီနေရာမှာ ခင်များက ဘာလို့ရှိနေသေးတာလဲ။ ဇာတ်သိမ်းပြီးလွမ်းခန်းရိုက်ချင်သေးလို့လား!"
"ငါပြန်တော့မှာပါ"
"Ok! ပြန်လိုက်တော့။ ကျန့်ကောကနှုတ်ဆက်သွားတယ်လို့ပြောပေးမယ်။"
"အင်း"
ရှောင်းကျန့်ပြုံးလိုက်တဲ့ အပြုံးကိုကြည့်ပြီး ကျန့်ခိုင်အူကြောင်ကြောင်ဖြစ်သွားတယ်။ အဲ့ဒီအပြုံးကိုမြင်ရတာ တစ်မျိုးကြီးပဲ။ နောက်ဘယ်တော့မှ ထပ်မတွေ့ရတော့မယ့်လူကို နှုတ်ဆက်နေရတာမျိုးနဲ့။
"ဒါဆို ငါသွားပြီ။ ရိပေါ်ကို နှုတ်ဆက်တယ်လို့ပြောပေးပါဦး။ ပြီးတော့ ဒါလေးပေးပေး"
ပန်းစည်းလေးတစ်ခု။ ပွဲအစကနေအခုထိ ရှောင်းကျန့်ကိုင်ထားတဲ့ပန်းစည်းကလေး။ ခရမ်းရောင်အပွင့်ကလေးတွေက ခပ်ပါးပါးအရောင်နဲ့။ ရိုးတံသေးသေးလေးတွေကို ပိုးကြိုးနီနီလေးနဲ့ စည်းထားတယ်။
ကျန့်ခိုင် မယူချင်ယူချင်နဲ့လှမ်းယူလိုက်တယ်။
သူ့လက်ထဲကိုပန်းစည်းရောက်သွားတာကို ကြည့်ပြီးတာနဲ့ ရှောင်းကျန့်က တစ်ခါတည်းပဲ လှည့်ထွက်သွားခဲ့တယ်။
တစ်ချက်နှစ်ချက်ဆိုးတဲ့ ချောင်းသံကို ခပ်ဝေးဝေးအထိ ကြားနေရတုန်း။
.........
"ရှောင်းကျန့်ရော"
ချွေးစတွေသီးနေတဲ့နဖူးပြင်နဲ့ ရိပေါ်က သူ့ဘေးအမောတကောရောက်လာတယ်။ အခုတင်ပဲထွက်သွားလို့တော်သေးတယ်ဆိုပြီး ကျန့်ခိုင်တွေးမိတယ်။
ВЫ ЧИТАЕТЕ
Wind Farm||Completed!||
ФанфикWhen the wind blow... 🚨Wind Farm ရဲ့ ပထမဆုံးအပိုင်းမှာ ဝမ်ရိပေါ်နဲ့ မိန်းကလေးတစ်ယောက်ရဲ့ sex scene ပါတဲ့အတွက် မကြိုက်ရင်ကျော်ဖတ်ပါ ။ ဒါမှမဟုတ် အစပြုပြီး ဖတ်ကိုမဖတ်ပါနှင့်။