.......

"နေစမ်းပါဦး"

"မနေဘူး"

"ဟာဗျာ"

ရိပေါ်ဆွဲလည်းဆွဲတဲ့လက်ကိုဖယ်လွတ်တယ်။ ရှောင်းကျန့်ကတကယ် ဒေါသထွက်နေတာ။ ပြေးတမ်းလိုက်တမ်းကစားသလိုဖြစ်နေပြီမို့ အိမ်ကလူတွေအမြင်မှာ ရှောင်းကျန့်ကို အထင်သေးကြတာမျိုးရိပေါ်က မဖြစ်စေချင်ဘူး။

"လိုက်ပို့ပေးမယ်"

"မလိုဘူး "

"ဒါဆိုမပြန်ရဘူး"

ရှောင်းကျန့်ရဲ့ မျက်လုံးစူးစူးက ဒိုင်းကနဲ! မျက်မှန်ကဘယ်နားကျကျန်မှန်းမသိလို့ မြင်ရတာ ဝါးတားတားပေမဲ့ ရိပေါ်ကိုရန်စောင်ပစ်ဖို့ ရှောင်းကျန့်မမေ့ဘူး။ သက်သက်မဲ့ လူပါးဝတာ။

ရိပေါ်က မျက်မှန်ပါးလေးကို အိတ်ထဲကထုတ်ပြီး ကောက်တပ်ပေးတယ်။ အိပ်နေရင်း အနှောင့်အယှက်ဖြစ်မှာစိုးလို့ ဖြုတ်သိမ်းထားခဲ့တာ။

"မင်းဟာလေ!"

အခုတလော.ရိပေါ်ပြောင်းလဲနေတာတွေကို ရှောင်းကျန့် မခံစားပေးနိုင်ဘူး။ သူ့ဘဝထဲကို စဝင်လာကတည်းက သာယာငြိမ့်ညောင်းဝင်လာတာမဟုတ်ဖူး။.ရိပေါ်က ဘီလူးဆိုင်းတီးပြီး ဝင်လာတာမို့ ရှောင်းကျန့်ရဲ့ မသိစိတ်ကတောင် ရိပေါ်ကိုလန့်တယ်။ သည်းမခံနိုင်လောက်အောင် အနှောင့်အယှက်ဖြစ်နေလည်း ရှောင်းကျန့် တတ်နိုင်သလောက်စိတ်ကိုဆွဲဆန့်တယ်။ အခုတော့ ညနေ ခြောက်နာရီလောက်က စခဲ့မယ့် နှစ်နာရီလောက် မွေးနေ့ပွဲကလေး က နောက်တစ်နေ့ နေ့လည် တောင်ရောက်နေပြီဆိုတာ ဖြစ်သင့်သလား!

"ငါ မင်းအပေါ် ဘာအမှားတွေများ.ကျူးလွန်ခဲ့မိလို့ ဒီလောက် လိုက်ပြီး အနှောင့်အယှက်ပေးနေရတာလဲ ဝမ်ရိပေါ်"

ရိပေါ်မျက်ဝန်းတွေက မှိုင်းကနဲပဲ။ အံကြိတ်ပစ်လိုက်တာလည်းသိသာနေတယ်။

"ကျူးလွန်ခဲ့တာ? ဟက်! ရှိတာပေါ့။"

ရှောင်းကျန့်လက်ကိုဖိဆွဲပစ်ပြီး ရိပေါ်က နီးတဲ့အခန်းတစ်ခုထဲ ကိုဝင်တယ်။ ရှောင်းကျန့် အခန်းပုံစံကိုကြည့်ပြီး အစည်းအဝေးခန်းမမှန်းတန်းသိတယ်။ စားပွဲရှည်ကြီးရှိတယ်။ ထိုင်ခုံတွေ အလုံး သုံးဆယ်လောက်နဲ့! တစ်ခန်းလုံးက နီညိုရောင်တောက်နေတာ။

တံခါးကိုရိပေါ်က လော့ချပစ်တယ်။ ပြန်လှည့်လာတဲ့ အခါ အဲ့ဒီမျက်ဝန်းတွေကို ရှောင်းကျန့်ရင်းနှီးနေတယ်။ 'ဘဲကြီး' လို့စခေါ်ခဲ့တဲ့ အချိန်။ အဲ့ဒီနေ့ကပုံစံလိုမျိုး။ အရာရာကိုဖျက်ဆီးပစ်ချင်တဲ့ နတ်ဆိုးလို မျက်လုံးတွေ!

"အဲ့ဒီနေ့ပြီးကတည်းက ....ထင်တာပဲ!"

ရှေ့တိုးလာတဲ့ ရိပေါ်ခြေလှမ်းတွေကိုကြည့်ပြီးရှောင်းကျန့် ကိုယ်ကိုမတ်လိုက်တယ်။

"ဟွန်း..အဲ့ဒီဓာတ်ပုံတွေက တကယ်အတုတွေလို့ထင်နေတာလား"

ရခဲ့ဖူးတဲ့ တစ်ကိုယ်လုံးက နာကျင်မှုတွေကို ရှောင်းကျန့် အခုပဲ ပြန်မှတ်မိသွားတယ်။

"မင်း!"

"အပိုင်လိုချင်တယ်။ တရားဝင်ကြေငြာတယ်။ ဒီနေ့ကစပြီးခင်များကိုလိုက်မယ်။"

"ဝမ်ရိပေါ်!!!"

"ဒီလူက ခင်များမှမဟုတ်ရင် မရတော့ဘူး။!"

ရှောင်းကျန့်ဘာမှဆက်မပြောနိုင်တော့ဘူး။ သူ့ကိုယ်ဟာ ရိပေါ်ဖိချလိုက်တဲ့အလျောက် နောက်က စားပွဲပေါ် ကျောနဲ့ပစ်ကျသွားတယ်။ ကိုယ်တိုင်တပ်ပေးခဲ့တဲ့ မျက်မှန်ကလေးကို ရိပေါ်က ပြန်ဆွဲချွတ်တယ်။ ပြီးတော့....သူဘာမှမသိတော့ဘူး။

အားလုံးမှောင်မည်းသွားခဲ့တယ်။

........

လေရဟတ်တွေက အရပ်တစ်ခုတည်းကို မျက်နှာမူတယ်။ ပြီးတော့..အဲ့ဒီအရပ်ကိုပဲ ငေးကြည့်ပြီး သူတို့ တစ်ဘဝလုံး အသက်ရှင်တယ်။

........

.

A.N

Facebook acc မေးနေကြလို့ ကျွန်တော့်မှာ acc မရှိပါဘူး။ ^-^(I lied)

Behind My Eyes က နေ အခု Wind Farm လေးအထိ WangYiBo နဲ့ XiaoZhan ကိုလိုက်ချစ်ပေးကြတာကို ကျေးဇူးတင်ပါတယ်။ ❤

Wind Farm||Completed!||Where stories live. Discover now