အပိုင်း(၁၀)
Magsimula sa umpisa
ဘာပဲပြောပြော ဒီလူကြီးနဲ့ တွေတာ (၃)ခါရှိပြီပဲ၊ အင်း ရှေ့တစ်ခေါက်က ငါမတွေ့လိုက်တာကို ဖယ်ရင် (၂)ခါပေါ့၊ စိတ်ဝင်စားဖို့ကောင်းနေပြီ ကိုကိုရေ။
တော်ပြီ တော်ပြီ ငါလေး ညနေပြိုင်ပွဲအမှီ ပြန်လာရမှာ၊ စာရွက်ကျန်ခဲ့တာ တစ်မျိုး၊ ခုလည်း ကိုကိုက ကျွန်တော်ဆီက ထွက်ပြေးသွားသူလို ဖြူဖြူလျော်လျော်နဲ့ သွားလေပြီ။
ကဲ See youပါ ကိုကိုရေ...။
__________________________________
__________________________________
"ကျွန်တော် ရှာခိုင်းထားတာ ဘာတဲ့လဲ"
"အပြည့်အစုံကို Mailပို့လိုက်တယ် သခင်လေးBin"
အစ်ကို Lu Nyanနဲ့ phပြောပြီးပြီးချင်းမှာပဲ ဝင်နေတဲ့ Mailကို စစ်လိုက်သည်။
လွန်ခဲ့တဲ့ မိနစ်အနည်းငယ်က ရောက်ထားတဲ့ Mailက ကျွန်တော်သိချင်တာတွေကို ပြည့်ပြည့်စုံစုံ သိစေခဲ့သည်၊ အဓိကက Xiao Universityမှာ လက်ရှိတက်နေတဲ့ Wang Yibo၊ ကောင်လေး တွေ့ရတာ ဝမ်းသာတယ်ကွာ။
Ph လာနေတော့ Contact Nameက Zhan Zhan။
"Zhan Zhan ငါ့ကိုသတိရနေတာလား"
"သခင်လေး Bin ကျွန်တော် အိမ်တော်က Driverပါ၊ သခင်လေး ကားပေါ်မှာ သတိလစ်သွားလို့ အခု အိမ်ပဲ ပြန်နေပြီ"
"ဟမ် အင်း အင်း ကျွန်တော် အခုလာခဲ့မယ်"
ဆေးအိတ်ကို ဆွဲကာ အပြေးအလွှား Car parkingသို့ ဆင်းခဲ့ရတော့သည်။
မနေ့ကမှအကောင်း ဘာဖြစ်တာလဲ Zhan Zhanရေ၊ အတွေးတွေက Xiao Zhanဆီ မရောက်သေးခင် လမ်းခုလတ်မှာပဲ ပြေးပြေးလွှားလွှား။
"သခင်လေးရယ် မနက်ကထွက်သွားတာ အကောင်းပါ၊ ကျောင်းပြိုင်ပွဲလုပ်လို့ သွားတက်ရာကနေ ချက်ချင်းကြီးဖြစ်တာ ပွဲတောင်မစရသေးဘူးပြောတယ်"
အိမ်ထိန်းဘဘအပြောကြောင့် ဦးနှောက်က Alarmတွေ တစ်ဒင်ဒင် တစ်ဒေါင်ဒေါင်။
ဘုရား၊ ငါကအခုမှပြောမလို့လုပ်နေတာလေ၊ မင်းကတွေ့ခဲ့ပြီလား Zhan Zhanရ၊ အတော်တော့ ထူးဆန်းလွန်းပြီ၊ မေဂျာအစုံ၊ လူပေါင်းသောင်းနဲ့ချီပြီးရှိတာ မင်းကဘယ်လိုကနေ ဘယ်လို၊ ဒါ မင်းရဲ့ ကံကြမ္မာပဲလား။