"ငိုပါလို့ မပြောတော့ဘူး Zhan Zhan ၊ (၁၀)နှစ်ရှိပြီ၊ ခုက ၂၀၀၈ ခုနှစ်မဟုတ်တော့သလို ငါတို့တွေလည်း လူကြီးဖြစ်နေပြီ၊ စိတ်ကိုတင်းထားလို့ မင်းပဲရောဂါရတာလေ ၊ သူငယ်ချင်းဖြစ်သူပြောတဲ့ ငါ့စကားကို နားမထောင်ရင်တောင် မင်းရဲ့ဆရာဝန်အနေနဲ့ ပြောတဲ့စကားမို့ ငါ့စကားကို နားထောင်ပေး"
စကားတွေ ဒီလောက်ပြောနေတာတောင် စကားပြန်မရသည့်အတွက် နောက်လှည့်ကြည့်လိုက်ချိန်တွင် ပြိုလဲကျလာသော အရိပ်တစ်ခု။
"ကျွတ်!!!Zhan Zhan...Zhan Zhan!!! ငါ့စကားနားမထောင်ဘူး၊ နှလုံးရပ်ပြီး အသေခံမလို့လား ၊ ခုတော့ ငါက တောင်ကုန်းအောက်ထိ မင်းကိုယ်ကြီးကို သယ်ရတော့မယ်"
ပြစ်တောက် ပြစ်တောက် ပြောလဲ မထုံတက်တေး Zhan Zhanတစ်ယောက်ကတော့ သတိကင်းမဲ့နေလေပြီ။
"ဦးဦး ကျွန်တော် ဘာကူရမလဲ"
အသံကြားကာလှည့်ကြည့်တော့ လူကဖင်ထိုင်ရက် ကျသွားကာ လန့်ဖြန့်သွားရသည်။
"Shin..Shin Shin!!ဝါး အား !!လူ လူလား"
Shin Shin!!ဘယ်သူ့ကိုခေါ်တာလဲ ကိုကို့ကိုလား၊ ဒါဆို ကိုကိုနဲ့ အသိတွေပေါ့၊ ဒီလဲနေတဲ့လူကြီးက နေမကောင်းဘူးလား၊ ထားပါ ကူစရာရှိတာ ကူလိုက် Wang Yi Boရေ။
"လူပါဗျ သရဲမြင်လို့လား"
မျက်နှာ နုနုငယ်ငယ်လေးနဲ့ ကောင်လေးတစ်ယောက်၊ အနီးစပ်ဆုံးက Shin Shinနဲ့အတော်ဆင်နေတာပဲ၊ အလွန်ဆုံးရှိလှ (၁၇/၁၈)ပေါ့၊ အာ မသိတော့ဘူး။
အနားကို တိုးလာကာ မေးလေတော့ ပွေ့ထားတဲ့ Zhan Zhan ကိုယ်ကို ကောင်လေးထံ လက်လွှဲပေးလိုက်သည်။
"ခဏထိန်းကိုင်ထားကလေး ခေါင်းကို ဘေးမငိုက်စေနဲ့ ပရုတ်နည်းနည်းလောက် နှာဖျားဝလေး တေ့ထားပေး"
ပရုတ်ဆီဗူးပါ လက်ထဲထည့်ပေးသွားသည်မို့ ပြောတဲ့အတိုင်း လုပ်နေလိုက်သည်။
"Hello အစ်ကို Lu Nyan ...အင်း...အရင်အတိုင်း ထပ်ဖြစ်လို့ ...ဟုတ်တယ်...ခြင်းတောင်းတစ်ခုပဲ သယ်ရမှာ...မလာနဲ့ ရတယ် ကားကိုသာ ဂိတ်ပေါက်ထိ မောင်းလာခဲ့ အင်း ဒါပဲ"