ခါးချိုးပြီးမတ်လိုက်တဲ့နေရာမှာအထင်းသားပေါ်လာတဲ့ကောက်ကြောင်းတွေနောက် ပုရိသတွေမျှောသွားတယ်။ ကြိတ်မနိုင်ခဲမရအသံတွေမှညံသွားတာပဲ! ဒီရွှေဝါရောင်ဆံပင်တွေနဲ့ ပြင်သစ်မလေးကို ခူးချင်ဆွတ်ချင်တဲ့သူတွေအများကြီး။ ဒါပေမဲ့ သူမကတော့ တစ်ယောက်ကိုပဲညွတ်တယ်။ Black Tiger ရဲ့ Dance Leader!
"ဝမ်ရိပေါ်! ဝမ်ရိပေါ်!"
ပြီးခဲ့တဲ့ နှစ်နှစ်လုံးရဲ့ Street Dance Champion Autumn Season သုံးခုလုံးမှာ နံပါတ်တစ်နေရာကနေမဆင်းခဲ့တဲ့ အဖွဲ့။ အနက်ရောင်ကျားက ရိပေါ်ရဲ့ ကျောပေါ်မှာ ရင့်ရင့်စီးစီးပဲ မာန်ဖီနေတယ်။ နက်စွေးနေတဲ့ လည်သာဘောင်းဘီအကျပ်က ငွေရောင်ချိန်းကွင်းတွေနဲ့ ပလူပျံနေတယ်။ ဖြဲရာနောက်က ပေါင်သားဖွေးဖွေးတွေက မိန်းကလေးတွေတိုင်းကို ကိုယ်တိုင်မမောင်းပဲ ကုတင်ပေါ်ရောက်သွားတဲ့အထိဆွဲဆောင်နိုင်တယ်။ အိုး......နှုတ်ခမ်းဖူးဖူးက တစ်ချက်ပြုံးရင် ရူးကျန်ရောပေါ့။ မဲ့ပြုံးတွေက အဲ့ဒီမျက်နှာပေါ်က အနုပညာအဆန်ဆုံးအစိတ်အပိုင်းပဲ! Free style street dance မှာ လွတ်လပ်ပေါ့ပါးနေတဲ့ ဝမ်ရိပေါ်ရဲ့ပုံစံက မှော်ဝင်နေတဲ့ ပန်းပုရုပ်လိုပဲ။ မီးရောင်အောက်က ဆံနွယ်တစ်ချောင်းချင်းကပါ သိပ်လှလွန်းနေတယ်တဲ့!
အဲ့ဒီကောင်လေးပဲ။ မာမာကျောကျောနဲ့ ကျောက်စိမ်းပန်းပုရုပ်ကလေးလို စွဲမက်စရာသိပ်ကောင်းတယ်!
...............
"အရေးပေါ်ဌာန..အရေးပေါ်ဌာန...."
စကားပြောစက်ကမြည်လာတဲ့အသံကြောင့် မှေးမယ့်စိတ်ကူးက အဝေးကိုလွင့်သွားရော! ချွတ်ထားတဲ့ကုတ်အဖြူကို ကမန်းကတမ်းဝတ်ပြီး ချွတ်ချထားတဲ့ဖိနပ်ကို စွပ်ပြေးရတယ်။ တစ်နေ့လုံးပြေးနေရလို့ စားသမျှဘယ်ချောင်ညှပ်သွားမှန်းမသိ ဗိုက်ကပြန်ဆာလာပြန်ပြီ။ မျက်မှန်ကို လက်နဲ့ထိုးပင့်ပြီး လက်တွန်းလှည်းတွေတစ်စီးပြီးတစ်စီး အရှိန်နဲ့တွန်းသွားတာကို လိုက်ကြည့်မိတယ်။
"ဘာ case လဲ"
"ကားတိုက်မှုတဲ့ ခရီးသည်တင်ကားနဲ့ အိမ်စီးကားတိုက်တာ"
အရေအတွက်များနေတဲ့ လူနာတင်ကားတွေနဲ့ ဆူညံနေတဲ့ alarm သံတွေ! အချိန်က မနက်နှစ်နာရီရှိနေပေမဲ့ ထျန်းရှင်းဆေးရုံကြီးမှာတော့ ဝက်ဝက်ကွဲနေတယ်။
"ယွီလန်! လက်ပတ်နဲ့ အရင်ခွဲထား"
ယွီလန်က အခြေအနေကိုကြည့်ပြီး လူနာတွေရဲ့လက်မှာ အစိမ်းရောင်လက်ပတ်၊ အနီရောင်လက်ပတ်နဲ့၊ အဝါရောင်လက်ပတ်တွေကိုလိုက်ဝတ်ပေးတယ်။
သူ့ရှေ့မှာ သံချောင်းကလည်ပင်းကိုထုတ်ချင်းပေါက်နေတဲ့ လူနာ!
ရှောင်းကျန့် အသက်ကို အဆုတ်အပြည့်ရှူသွင်းလိုက်တယ်။
မိုးလင်းပေါက်မဲ့ နောက်ထပ်တစ်နေ့ပဲ!
.......
YOU ARE READING
Wind Farm||Completed!||
FanfictionWhen the wind blow... 🚨Wind Farm ရဲ့ ပထမဆုံးအပိုင်းမှာ ဝမ်ရိပေါ်နဲ့ မိန်းကလေးတစ်ယောက်ရဲ့ sex scene ပါတဲ့အတွက် မကြိုက်ရင်ကျော်ဖတ်ပါ ။ ဒါမှမဟုတ် အစပြုပြီး ဖတ်ကိုမဖတ်ပါနှင့်။