Chapter-8

2.4K 312 30
                                    

<<Zawgyi>>

ဒီနေ့လည်း ခါတိုင်းလိုဘဲ ရွယ်ယမ် ဈေးဝယ်ထွက်လာခဲ့သည်။ စိတ်ထဲမှာက ဆရာလေးချက်ကျွေးသော အာလူးဟင်းလေး စားချင်နေတာမို့ အာလူးသည်ဆီမှာတောင် ဈေးဆစ်ပီးဝယ်လာသေးတယ်(ဓားလေးနဲ့ဆစ်တာနော်😂)

ဆရာလေးနဲ့ ဟင်းတူတူချက်ရမယ်လို့ တွေးရင်း ပျော်ပျော်ရွှင်ရွှင် နဲ့ပြန်လာနေတုန်းမှာ မရင်းနှီးတဲ့ အသံတစ်သံကို ကြားလိုက်ရတယ်။

"ရွယ်ယမ်!!!!!!"

လှည့်ကြည့်လိုက်တော့ အမဲရောင် ဝတ်ရုံနဲ့ ဓားလွယ်ထားတဲ့လူတစ်ယောက်ကို တွေ့လိုက်ရတယ်။ အဲ့လူက အရပ်အတော်မြင့်ပြီး ထင်ရှားတဲ့မေးရိုး၊ ထင်ရှားတဲ့ နှာခေါင်းနဲ့ ခန့်ငြားတဲ့ ရုပ်ရည် ကို ပိုင်ဆိုင်ထားတယ်။ မျက်ခုံးတွေက အပေါ်ကို အနည်းငယ်မြင့်တက်နေပြီး မာနကြီးဟန် ပေါ်လွင်နေတယ်။ သူ့ရဲ့ မျက်လုံးတွေက ဒေါသ ကြောင့်လားတော့မသိ မီး ဟုန်းဟုန်း တောက်နေပုံပေါက်နေတယ်။ ဖြစ်နိုင်ရင် အစိမ်းလိုက်ဝါးစားချင်နေတဲ့ပုံနဲ့ ရွယ်ယမ်ကို စူးစူးစိုက်ကြည့်နေတယ်။

သေချာပါတယ် ပြေးမကြည့်လည်း အဲ့လူ က ဆုံလန်ဆိုတာ... ရွယ်ယမ်တွေးမိတယ် 'သွားပီ ငါအိမ်က မထွက်ခင် နက္ခတ်လေးတွက်ကြည့်ခဲ့သင့်တာ ဒင်းကဘာလို့ အစောကြီးပေါ်လာရတာလဲဟ'

စိတ်ထဲကတာ တွေးနေတာ ပါးစပ်ကတော့ role အတိုင်းဘဲ

ရွယ်ယမ် : "ဩော် ဆရာလေးဆုံပါလား ထမင်းလာကပ်စားတာလား"

ဆုံလန် ဘာမှပြန်မဖြေ ဓားနဲ့ပြေးထိုးလာတာမို့ ရွယ်ယမ် မနဲရှောင်လိုက်ရတယ်။

ရွယ်ယမ် :"ဆရာလေးဆုံကလည်း စိတ်ကြီးဘဲ နှုတ်တောင်မဆက်တော့ဘူးလား"

ဆုံလန်: "မင်း ရှင်းချန်နားကို ဘာစိတ်ကူးနဲ့ ကပ်ပြီး လှည့်စားနေတာလဲ မင်းသူ့ကို ဘာလုပ်ချင်သေးလို့လဲ"

ရွယ်ယမ် :"ဘာမှမလုပ်ပါဘူး တကယ်ပါ"

_________________________________________

ရွယ်ယမ် ခမျာ ဆုံလန်ရဲ့ ဓား ချက်များကို အလူးအလဲ ရှောင်နေရတယ်။ ဓားချက်တိုင်းက ကြမ်းတမ်းပြီး ရက်စက်နေတယ်။ ရွယ်ယမ် 'ဘုရားရေ ငါ အရင်ကောင်ရဲ့ သိုင်းပညာတွေရထားလို့တာ မဟုတ်ရင် ဆုံလန်က ငါလေးကို စဉ်းကောလုပ်စားလို့ရနေလောက်ပြီ'

Changing the fate(Completed)Where stories live. Discover now