Extra-1 (Wedding day)

1.8K 166 6
                                    

<<Zawgyi>>

ယီမြို့ တစ်ခုလုံးသည် မီးပုံး နီနီများ ဖယောင်းတိုင်နီနီများ ဖြင့် စည်ကားနေလေသည်။

ယီမြို့အဝင်ဝတွင်တော့~~

ဝေရင်း : "လန်ကျန့် ဒီနေရာက ဘယ်လက်ညွှန်ပြတဲ့နေရာရော သေချာရဲ့လား ဓာတ်ကြီး၅ပါး ပျက်စီးနေပေမဲ့ အဲ့လောက်တော့ ဆိုးဆိုးရွားရွားမဟုတ်ဘူးလားလို့နော်"

လန်ကျန့် :"အင်း"

ဝေရင်း :" လန်ကျန့်...ဒီနေရာမှာ ပွဲတော်ကြီး တစ်ခုခုရှိနေသလိုဘဲ...ငါတို့မေးကြည့်ရအောင်"

လန်ကျန့် : "အင်း "

ဝေရင်း :"တစ်ဆိတ်လောက်ဗျ...ဒီနေရာမှာဘာပွဲတော်ရှိလို့ အာ့လောက်စည်ကားနေရတာလဲ"

ဈေးသည် :"ဩော်...သခင်လေးတို့က ယီမြို့ကို ဒီနေ့မှရောက်တာထင်တယ်...ဒီနေ့က မြို့ရဲ့သူတော်ကောင်းလေးနဲ့ တောက်ဓမ္မဆရာလေးတို့ရဲ့ မင်္ဂလာပွဲလေ...သူတို့ ၂ယောက်က မြို့ကို အများကြီး အကူညီတွေပေးခဲ့တာလေ....အာ့တော့ သူတို့ရဲ့ မင်္ဂလာပွဲကိုတစ်မြို့လုံးက တက်ရောက် ဂုဏ်ပြုကြတော့ ပွဲအရမ်းစည်သွားတာဗျ"

ဝေရင်း :"သတို့သား သတို့သမီး နာမည်လေး သိလို့ရမလားဗျ"

ဈေးသည် :"သတို့သားသတို့သမီးမဟုတ်ဘူးဗျ ...သတို့သား သတို့သားဗျ...ဟားဟား...ဟားဟား
ဆရာလေး ရှောင်ရှင်းချန်နဲ့ သူရဲကောင်းလေး ရွယ်ယမ်တို့ လက်ထပ်ကြတာလေ...ကဲ သခင်လေးတို့ ဝယ်စရာမရှိဘူးဆိုရင် ကျနော်လည်း ဆိုင်သိမ်းပြီး မင်္ဂလာပွဲသွားတော့မယ်...ခွင့်ပြုပါဦး"

ဝေရင်း :"လန်ကျန့် မင်းပြောတော့ ရှောင်ရှင်းချန်နဲ့ ရွယ်ယမ်တို့က ရန်သူတွေဆို...အခုကျ ဘယ်လိုလုပ် လက်ထပ်သွားကြတာလဲ..."

လန်ကျန့် :"သွားကြည့်ရအောင်"

ဝေရင်း :"ယေး...ဟန်ကွမ်ကျွင်းနဲ့ အတူ မင်္ဂလာသွားဆောင်မယ်ကွ...အဲလေ မင်္ဂလာဆောင်သွားမယ်ပြောတာ...သွေ့ပုချိ😂"

--------------------------------------------------------------

ရှောင်ရှင်းချန် တစ်ယောက် မင်္ဂလာ ဝတ်စုံနီ ဝတ်လျက် မှန်တင်ခုံရှေ့ထိုင်နေလေသည်။ အားချင်က တော့ ဆရာလေးအား မျက်နှာချေ လိမ်းပေးရန် ကြိုးသားနေလေသည်။

Changing the fate(Completed)Место, где живут истории. Откройте их для себя