ယွင်မုန့်မြို့ (အပိုင်း - ၃ ကွင်းပစ်ကစားနည်း)

Start from the beginning
                                    

ဝေ့ဝူရှန့် "မင်းစနေတာ! ဟုတ်ပြီ ငါမင်းအတွက်ဒီတစ်ခု ဟုတ်တယ်ဒီတစ်ခုကိုရအောင်ယူပေးမယ်!"

သူဟာဆိုင်ရဲ့ အနာက်နားခပ်ဝေးဝေးမှာ ခင်းကျင်းထားသော အဖြူရောင် ကြွေထည် လိပ်ရုပ်ကို ညွှန်ပြလိုက်သည်။ ထို့နောက် နောက်သို့ခြေလှမ်းများများ ဆုတိလိုက်သည်။ သုံးကိုက်အကွာဝေးသို့ရောက်သောအခါ ဆိုင်ရှင်မှလှမ်းပြောလိုက်သည် "ရပြီ ဒီလောက်အကွာအဝေး ဆိုရပြီ"

ဝေ့ဝူရှန့်ပြန်ပြောလိုက်သည် "မရသေးဘူး"

ဆိုင်ရှင်ကအော်ပြောလိုက်သည် "သခင်လေး မင်းအရမ်းအဝေးကြီးကိုရောက်နေပြီ။ မင်းပစ်တာလွဲ သွားရင် ငါ့ကိုအပြစ်တင်ပြီး ပိုက်ဆံပြန်မတောင်းနဲ့နော်"

ဝေ့ဝူရှန့် "ကျွန်တော်ရပ်နေတာ အရမ်းမဝေးသေးပါဘူး ခင်ဗျားသာ ကိုယ့်ပစ္စည်းဆုံးမှာ စိုးရိမ်ရမှာ"

လူအများကရယ်မောရင်းပြောဆိုကြသည် "ဒီသခင်လေးက တော်တော်ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိတာဘဲ"

ဒီလိုကစားနည်းမျိုးဟာ ရိုးရှင်းတယ်လို့ထင်ရပေမဲ့ ပစ္စည်းအများအပြားကို နေရာအနည်းငယ်ခြားပြီး ခင်းကျင်းထားတဲ့ အတွက် ပစ္စည်းတစ်ခုထဲအပေါ်သို့ကွင်းစွပ်မိရန် အချိန်အဆလိုအပ်သည်။ သာမန်လူတွေအတွက် ဒီကစားနည်းဟာအရမ်းမလွယ်ကူပေမဲ့ သိုင်းသမားတစ်ယောက်အတွက်တော့ ကလေးကစားစရာမျှသာဖြစ်သည်။ သူသာ အနီးကပ်မှပစ်ပါက ပျော်စရာကောင်းမည်မဟုတ်ချေ။ ဝေ့ဝူရှန့်သည်နောက်သို့ထပ်ဆုတ်လိုက်ပြီး ဆိုင်ဘက်သို့ဖြည်းဖြည်းချင်း ကျောပေးလိုက်သောအခါ လူအများထံမှ ရယ်သံများထွက်ပေါ်လာသည်။ ဝေ့ဝူရှန့်ဟာ သူ့လက်ထဲမှ ကွင်းကိုချိန်ဆလိုက်ပြီး အနောက်သို့ပစ်လွှတ်လိုက်သည်။ ကွင်းဟာကြွေလိပ်ရုပ်ပေါ်သို့ တန်းတန်းမတ်မတ်ကျရောက်သွားပြီး လိပ်ရုပ်၏ခေါင်းတွင်စွပ်မိလေသည်။

ဆိုင်ရှင်နှင့်လူအများတို့ အံ့သြမှင်သက်သွားကြသည်။ ဝေ့ဝူရှန့်ဟာ ခေါင်းကိုလှည့်ကြည့်ပြီး ပြုံးလိုက်သည်။ ကျန်ရှိနေသော ကွင်းနှစ်ခုကိုမြှောက်ပြကာ လန်ဝမ့်ကျီးအားမေးလိုက်သည် "စမ်းကြည့်ချင်လား?"

Mo Dao Zu Shi extra chapters and extension parts Where stories live. Discover now