Yiboပန်းစည်းကိုမယူပဲကြောင်ကြည့်နေမိတော့ မျက်နှာငယ်လေးနဲ့မေးလာတဲ့Xiao Zhanကြောင့် ပန်းစည်းကိုအမြန်ယူလိုက်ပြီး..

"ကြိုက်တာပေါ့ လှတယ်Zhan Geကျေးဇူးပဲ"

"ရပါတယ်"

Xiao Zhanခုမှဘေးကိုကြည့်မိတော့ လက်ထဲမှာပန်းစည်းတွေကိုကိုင်ပြီး သူ့တို့ကိုကြည့်နေတဲ့ မိန်းကလေးတွေ

အဲ့မိန်းကလေးတွေသူ့ကိုကြည့်နေတာ မျက်လုံထဲကလေဆာတွေထွက်နေသလိုပဲ..

"Wangလေး သူတို့က"

"ထားလိုက်ပါ အရှုပ်တွေ"

"မရှုပ်ပါဘူး ပန်းစည်းလေးတွေပေးပြီး ဓာတ်ပုံတစ်ပုံလောက်ရိုက်ရအောင်လို့ပြောတာကို Wang Yiboက Zhan Geပေးတာပဲယူပြီး Zhan Geနဲပဲ ဓာတ်ပုံရိုက်မှာတဲ့လေ"

ဘေးကမိန်းကလေးတွေထဲကတစ်ယောက်က ဝင်ပြောလာတာကြောင့် Xiao Zhan Yiboကိုကြည့်လိုက်တော့ အဲ့ပြောလာတဲ့ကောင်မလေးကို အဲ့တာဘာဖြစ်လဲဆိုတဲ့ပုံစံဖြင့် ကြည့်နေလေသည်။

ဒီကောင်လေးကတော့လေ တကယ်မနိုင်ဘူး hkhk Wang Yiboလို့မပြောရဘူး ချေလိုက်တာ..

"Wangလေးရယ် အားနာစရာ"

"အားမနာပါဘူး သူတို့ကတစ်ခါလုပ်ပေးလိုက်ရင် နောက်လဲလာအုံးမှာ အဲ့လိုရှုပ်ရှုပ်ယှက်ယှက်တွေ ကျနော်မကြိုက်ပါဘူး"

အနားမှာရှိတဲ့ မိန်းကလေးတွေလဲဂရုမစိုက်ဘူး ပြောချင်တာပြောချလိုက်တာပဲ..အဲ့မိန်းကလေးတွေကလဲ ခုထိမသွားကြသေး အဲ့လိုကျတော့လဲ Wangလေးပြောတာမလွန်တော့ဘူး..

သူလေးအဲ့လို မိန်းကလေးတွေကိုပြောလိုက်တာ ကျတော်သဘောကျရုံတင်မဟုတ်ဘဲ တေယ်တော် ပျော်နေမိတယ်..

ကိုယ့်တစ်ယောက်ထဲကိုပဲ ကြည့်ပေးတဲ့ကောင်လေးမျိုးရထားတာ မပျော်ပဲနေမလား​နော့

Wangလေးက ကျတော့်အတွက်ဆို အရာအားလုံးကိုဂရုမစိုက်တတ်ပဲ ကျောခိုင်းရဲတဲ့သူလေးလေ

ကျတော်ကတော့..

WangလေးGeကမကောင်းဘူးနော် မင်းနဲ့ယှဉ်ရင် Geမင်းကိုချစ်တာက အသေးအမွှားလေးပါ။

Yibo Xiao Zhanမျက်နှာပြုံးနေရာက ချက်ခြင်းညိုးသွားတာကြောင့် Xiao Zhan လက်ကိုဆွဲပြီး အဲ့နေရာကထွက်လာခဲ့လိုက်သည်..

လူဆိုးလေးရဲ့ဒေါက်တာDonde viven las historias. Descúbrelo ahora