လန်ဝမ့်ကျီးက စွပ်ပြုတ်တစ်ဇွန်းကိုခပ်ပြီး မြည်းကြည့်သည် "ဘယ်ဟာက မကောင်းတာလဲ" ဟုမေးလိုက်သည်။
ဝေ့ဝူရှန့်က စွပ်ပြုတ်ကိုဇွန်းနဲ့မွှေရင်း ပြန်ဖြေသည် "ကြာစွယ် ဆိုတာရင့်မှ ခူးရင်မကောင်းဘူး ဖြူဖြူနုနုလေးတွေ ကိုခူးမှကောင်းတာ ဒီစားသောက်ဆိုင်က အရမ်းကပ်စီးနဲတဲ့အပြင် သူတို့ရဲ့ဟင်းအမယ်တွေကလည်းသေချာမကျက်သလို အရသာလည်းမရှိဘူး ငါ့ဆရာတူအစ်မ ချက်ကျွေးတာနဲ့တခြားစီဘဲ ဘယ်လိုမှယှဉ်လို့မရဘူး"
ဝေ့ဝူရှန့်ဟာ ဒီအတိုင်းမစဉ်းစားဘဲ ပြောလိုက်ခြင်းသာဖြစ်သည် လန်ဝမ့်ကျီးဆီမှ "အင်း" ဆိုသောစကားတစ်လုံးမှလွဲလျှင် ဘာမှမမျှော်လင့်ထားပေ။ သို့သော်လည်း လန်ဝမ့်ကျီးဆီမှ မမျှော်လင့်ထားသော တုံ့ပြန်မှုအနေဖြင့် မေးခွန်းတစ်ခုကိုမေးခံ လိုက်ရသည် "ဒါဆို ဟင်းအမယ်တွေကိုဘယ်လို ရွေးရမလဲ ဘယ်လိုအရသာကောင်းအောင်ချက်ရမလဲ"
ဝေ့ဝူရှန့်ဟာရုတ်တရက်တွေဝေသွားပြီး လန်ဝမ့်ကျီးအား တအံ့တသြဖြင့်မေးလိုက်သည် "ဟန်ကွမ်ကျွင်း မင်းငါ့ကို ကြာစွယ်ဝက်ရိုးစွပ်ပြုတ် ချက်ကျွေးမလို့ မေးနေတာတော့မဟုတ်လောက်ပါဘူးနော်။ ဟုတ်တယ်မလား မင်းခုနက ထသွားတာ စွပ်ပြုတ်ဘယ်လိုချက်လဲ သွားကြည့်တာလားဟင်"
လန်ဝမ့်ကျီးဟာသူ့အမေးကိုပြန်မဖြေနိုင်ခင်မှာ ဝေ့ဝူရှန့်က စနောက်သလိုဖြင့်ပြောလိုက်သည် "ဟားဟား ဟန်ကွမ်ကျွင်း
ငါမင်းကိုအထင်သေးလို့ ပြောတာတော့မဟုတ်ဘူးနော် မင်းတို့ လန်ဂိုဏ်းကလူတွေက ဒီလိုဘဝ ကိုဖြတ်သန်းခဲ့ရတာ မို့လို့ပါ။ မင်းတို့ကအရသာသိပ်မရှိတဲ့ဟာတွေကိုစားပြီး ကြီးပြင်းခဲ့ရတော့ ဒီလိုအရသာမျိုးကိုအကျွမ်းတဝင်ရှိနေတာမဆန်းပါဘူး။ ငါတော့ မင်းတစ်ခုခုချက်မယ်ဆိုရင် စားလို့တောင်မရလောက်ဘူး လို့ထင်တယ်"လန်ဝမ့်ကျီးဟာ စွပ်ပြုတ်နောက်တစ်ဇွန်း သောက်ရင်း ဘာမှပြန်မဖြေတော့ချေ။ ဝေ့ဝူရှန့်ဟာ သူ့ဆီကအဖြေကိုစောင့်နေပေမဲ့ လန်ဝမ့်ကျီးဟာ အုတ်ဂူတမျှ ငြိမ်သက်တိတ်ဆိတ်နေပေသည်။ ဝေ့ဝူရှန့်ဟာ ထပ်ပြီးသည်းမခံနိုင်တော့ပေ။
![](https://img.wattpad.com/cover/198180208-288-k478914.jpg)
YOU ARE READING
Mo Dao Zu Shi extra chapters and extension parts
Historical FictionI'll translate extra parts and extensions of some chapters from novel and audio drama in mm language. I hope y'all enjoy.
ယွင်မုန့်မြို့ (အပိုင်း ၂ - စားသောက်ဆိုင်)
Start from the beginning