Part 9

29.2K 1.5K 122
                                    

အုံးအုံးကြက်ကြက်ချီးမြှောက်ကြတဲ့အသံတွေကြောင့်
ချင်းအာသတိပြန်ဝင်လာပြီ ခါးကိုအတင်းဖက်ထားသော
ယွီရှင်းရဲ့လက်တွေကို သတိထားမိသွားသည်

ယင်းချီကတော့ထိုမြင်ကွင်းကိုမျက်တောင်မခတ်တမ်း
စိုက်ကြည့်နေလေသည်
"အစ်ကိုတော် ဘာလို့အတင်းဖက်ထားတာလဲ...လွှတ်ပေးပါ"
နဲနဲလေးရုန်းမည်အလုပ် ယွီရှင်းကအတင်းကိုဖက်တွယ်ထားသည်
"ရှူး.....ဘယ်ကအစ်ကိုလဲငါက မင်းရဲ့ယောက်ကျားလောင်း"
ချင်းအာကြောင်တောင်တောင်ဖြစ်သွားပြီး
ယင်းချီဘက်သို့လှည့်ကြည့်လိုက်ပြန်သည်
ယင်းချီကတော့ ဒီတစ်ခါမျက်နှာလွှဲသွားပြီး
မိန်ဆုနှင့်သာစကားပြောနေသည်
ယွီရှင်းကဒါကိုကျေနပ်ဟန်မပေါ်.....

မိန်ဆုနှင့်စကားပြောပြီး အာရုံကိုလွှဲထားပေမယ့်
လုံးဝလွှဲမရ.....ခုနကယွီရှင်းခါးဖက်ထားသော
ချင်းအာကိုသာမြင်ယောင်နေသည်
ဘယ်လိုပဲဖြစ်ဖြစ် ချင်းအာဘာမှမဖြစ်သေး
ယွီရှင်းကဒါမျိုးနဲ့ပတ်သတ်ရင် စကားတည်သောလူတစ်ယောက်ဖြစ်မှန်းသိသည်
သို့ပေမယ့် ခါးဖက်ထားသောမြင်ကွင်းကြီးက
သူ့အတွက် အဆင်မပြေလှ
(တစ်ယောက်တစ်လှည့်ဂျယ်လီနင်ကြဟေး!)
မိန်ဆုကတော့ အတော်ကိုပျော်ရွှင်နေပြီး
ယင်းချီကတော့ စိတ်သောကရောက်နေတော့သည်
သို့ပေမယ့် အကြောင်းအားလုံးသိနေတဲ့
ယွဲ့လီကတော့ လက်ဆွဲတော်ယပ်တောင်ကို
မျက်နှာထက်ဝက်တိတိကာပြီး တဖျတ်ဖျတ်ပုတ်ပြီးသာ
အခြေအနေကိုကြည့်ရှုနေတော့သည်
ယင်းချီရဲ့ အကြည့်တွေ,ချင်းအာရဲ့အကြည့်တွေနဲ့
ယွီရှင်းရဲ့အကြည့်တွေ  ....
သုံးယောက်သားအကြည့်စစ်ထိုးနေတာကို
သူတစ်ယောက်သာသိတော့ ကြားထဲမှာနေရထိုင်ရခက်လှသည်
(နင်ပဲအေးတယ်😆)

ဒီနေ့ကရက်ကြီးရက်မြတ်ဖြစ်ပေမယ့်
ဖန်ရှန်းကတော့ပေါ်မလာခဲ့...
ယွဲ့လီနဲ့သက်တူရွယ်တူညီအစ်ကိုဆိုလို့
ဖန်ရှန်းသာရှိသည်
ဖန်ရှန်းနဲ့ယွဲ့လီိကလဲဖုခုံးဖက်ပေါင်းတဲ့
ညီအစ်ကိုတန်းစားတွေဖြစ်တာကြောင့်
တစ်ယောက်မရှိတာနဲ့တစ်ယောက်ကငြိမ်နေတော့သည်
*ဖန်ရှန်းရေ မင်းရောက်ရာအရပ်ကပြန်ခဲ့ပါတော့ကွာ*

အရှင့်အလိုတော်ကျ(🔞🔞🔞)Where stories live. Discover now