ဝမ်မင်းသမီးဆိုသူက ယင်းချီကိုမလွှတ်တမ်းကြည့်နေပြီး
ယင်းချီရှေ့သို့သွားကာ
"ဝမ်တိုင်းပြည်ရဲ့မင်းသမီး ဝမ်မိန်ဆု ဂါဝရပြုပါတယ်"
ဟုဆိုပြီး ခါးကို ကိုင်းညွတ်လိုက်သည်
တစ်ဖန်ယင်းချီကလဲ အသိအမှတ်ပြုသည့်အနေဖြင့်
ဂါဝရပြုလိုက်လေသည်
ဘုရင်ကတော့ထိုမြင်ကွင်းကိုကြည့်ကာတပြုံးပြုံး
မိန်ဆုကနန်းတော်ထဲဝင်သည်နှင့် ဟိုဟိုဒီဒီကြည့်နေမယ့်အစား
ယင်းချီကိုသာအဆက်မပြတ်ကြည့်နေသည်
ယင်းချီကလဲသိပေမယ့် နဲနဲလေးတောင်လှည့်မကြည့်ခဲ့
"အစ်ကိုယင်းချီ ကျွန်မကိုနဲနဲလေးတောင်မကြည့်တော့ဘူးလား"
အခုတွေ့သော်လဲရင်းနှီးသောအခေါ်အဝေါ်မျိုးဖြင့်
စကားလာပြောသည်ကိုတော့ယင်းချီကမကြိုက်
"ဟုတ်တာပေါ့...သားတော်.... မင်းသမီးမိန်ဆုနဲ့တူတူ
သွားပြီးနန်းတော်ထဲကိုလိုက်ပြပေးလိုက်"
ဘုရင်ကဖြန်ဖြေသောသဘောဖြင့်ဝင်ပြောသည်

"သခင်လေး ချင်းအာ.....တကယ်ပဲဘာမှမမှတ်မိဘူးလား"
လျိုဟန်ကစိုးရိမ်တကြီးဖြင့်မေးနေသည်
စနိုးလာထဲက ချင်းအာကိုမေးနေတာ
အခုထိချင်းအာက မသိဘူးပင်ပြောနေသည်
သူ့နာမည်ချင်းအယဆိုတာကလွဲ၍ ကျန်တာဘာမှ
မမှတ်မိ
"သခင်လေး နဲနဲပါးပါးမှတ်မိတာလေးတောင်မရှိပါဘူးလား"
"ငါဘာမှမသိဘူး"
ကလေးတစ်ယောက်လိုအပြစ်ကင်းစင်စွာဖြင့် အသံလေးက
သိမ်ဝင်နေသည်
လျိုဟန်တစ်ယောက်ခေါင်းပူနေပြီ
ဒီတိုင်းသာဆို မင်းသာယင်းချီတစ်လတစ်ခါ
စာပို့လာလျှင် သူမည်သို့ပြန်ရေးရပါမည်နည်း
"သခင်လေး ဒီထဲမှာပဲနေပါ ဒါကသခင်လေးရဲ့အစ်ကို
မင်းသားယင်းချီ ရဲ့နန်းဆောင်ပါ ဘယ်ကိုမှမထွက်ပါနဲ့
ကျွန်မပြန်လာခဲ့ပါ့မယ်"
ထိုသို့ပြောပြီး လျိုဟန်ကသူမရဲ့အဆောင်သို့ခဏပြန်သွားသည်

ချင်းအာက လျိုဟန်ပြင်ပေးထားခဲ့သော အစားအစာများကိုစားနေသည်
ထို့နောက် ခန္ဓာကိုယ်ကဒဏ်ရာများကိုကြည့်ကာ
ဘာကြောင့်ဖြစ်ခဲ့လဲဆိုတာသိချင်လာသည်

လျိုဟန်ကတော့ သူမရဲ့အဆောင်၌
စာရွက်နှင့်စုတ်တံကိုသုံးကာ
စတင်ပြီးစာတစ်စောင်ကိုရေးလိုက်သည်
ထိုစာအတွင်း၌ချင်းအာရဲ့ယခုလက်ရှိဖြစ်နေသော
အကြောင်းများအားရေးထည့်ပြီး နန်းတော်သို့ပို့ရန်ဖြစ်သည်
စာရေးပြီးနောက် ယင်းချီအထူးစီစဉ်ထားသော
စာပို့ခိုငှက်၏ခြေထောက်၌ချည်ကာ လွှတ်ပေးလိုက်သည်

အရှင့်အလိုတော်ကျ(🔞🔞🔞)Where stories live. Discover now