"သ...သရဲကား Wangလေး Geတို့တခြားကားကြည့်ရအောင်လေနော်"

အထစ်ထစ် အငေါ့ငေါ့ သရဲကားမကြည့်ရန်ပြောလာတာကြောင့် Yiboလဲထပ်မစချင်တော့...

"ဟုပါပြီ Zhan Geရယ် တခြားကားကြည့်တာပေါ့"

"ဟီး😁 Wangလေးက ချစ်ဖို့ကောင်းလိုက်တာ.."

"ဟင် Zhan Geဘာပြောလိုက်တာ??"

"ဘာ...ဘာပြောလိုက်လို့လဲ?? မြန်မြန်သွားရအောင် ကြည့်ချင်နေပြီ"

စကားလမ်းကြောင်းလွှဲသွားတဲ့ Zhan Geကြောင့် Yiboလဲဘာမှဆက်မမေးတော့ပဲ ကားသာမောင်းထွက်လာလိုက်တော့သည်..

ဘာတွေကိုစိုးရိမ်နေတာလဲ Zhan Geရယ်..

🎀🎀🎀🎀🎀🎀🎀🎀🎀🎀🎀🎀🎀

ရုပ်ရှင်ရုံရောက်တော့လဲ သူကြည့်ချင်တဲ့ကားကြည့်ရလို့ပျော်ရွှင်နေတဲ့ Xiao Zhanကိုကြည့်ပြီး Yiboလဲထပ်တူ ပျော်ရွှင်ရပါသည်။

Zhan Geကို အမြဲပျော်ရွှင်အောင် လုပ်ပေးမှာမလို့ ဘာမှစိုးရိမ်မနေပါနဲ့ဗျာ..

"Zhan Geရုပ်ရှင်ကြည့်ပြီးပြီဆိုတော့ ကစားကွင်းသွားရအောင်.."

"အွန်း သွားကြမယ်လေ"

ကစားကွင်းရောက်တော့..

"ZhanGe Roller Coasterစီးရအောင်"

"ဟင် Geမစီးရဲဘူး"

"ကျတော်ရှိပါတယ် ကြောက်ရင်ဖက်ထားပေးမှာပေါ့"

"တော်!!"ဆိုကာ ရှက်သွားတဲ့ကျတော့်ရဲ့ချစ်ရပါသောZhan Ge..

ကျတော်အတင်းပြောတာကြောင့် Roller Coasterပေါ်ရောက်နေပေမဲ့ Zhan Geတော်တော်ကြောက်နေတယ်ထင်တယ် ကုတ်ကုတ်လေးထိုင်နေသည်။

"အားးးး!!!!!"

Roller Coasterစထွက်တာနဲ့ "အားးးး "လို့အကျယ်ကြီးအော်ပြီး ရင်ခွင်ထဲဝင်လာတဲ့Zhan Geကို တင်းတင်းကျပ်ကျပ် ပြန်ဖက်ထားလိုက်သည်..

အသားယူတာမဟုတ်ဘူးနော်Zhan Ge ကျတော်ကကြောက်နေမှန်းသိလို့ စေသနာနဲ့ ဖက်ပေးထားတာရယ်😁

Xiao Zhanဟိုကောင်ဆိုးလေးမျက်နှာ စပ်ဖြီးဖြီး ဖြစ်နေမှန်းသိပေမဲ့ ကြောက်လွန်းလို့ဘာမှမပြောနိုင်တော့တာကြောင့် ပိုတိုးကာသာ ဖတ်ထားလိုက်သည်...

လူဆိုးလေးရဲ့ဒေါက်တာWhere stories live. Discover now