Sugar Daddy (7)

1.4K 188 26
                                    

ZawGyi

"အစည်းအဝေးကို ဒီမှာပဲအဆုံးသတ်ကြမယ် အားလုံးကိုကျေးဇူးတင်ပါတယ် တာဝန်လည်းကျေကြပါတယ် "

ဂယောင်ဆူး၏ စကားအဆုံး အစည်းဝေးတက်ရောက်သူများအလျှိုလျှိုထွက်သွားကြသည်..
သူမကတော့ သူ့ဆီလျှောက်လာနေတယ်..
မသိချင်ယောင်ဆောင်ပြီး အလုပ်လုပ်နေပေမယ့် သူမရဲ့ ဒေါက်ဖိနပ်သံက သူ့အာရုံကိုလွှမ်းမိုးနေတယ်

သူမက စင်ဒီ!
နိုင်ငံခြားမှပညာသင်ပြီးပြန်လာကာ မိမိကုမ္ပဏီ၌ ရှယ်ယာဝင်ထားသည်မှာမကြာသေး!

"ဒီက လူကြီးမင်း စင်ဒီနဲ့အတူတူ barသွားရအောင်လား"

နိုင်ငံခြားမှပြန်လာသူပီပီ လက်ရဲဇတ်ရဲနိုင်စွာ သူ့ပုခုံးကို ကိုင်ထားသည့်သူမ..
အနောက်တိုင်း ယဉ်ကျေးမှုတွေထဲများစွာပျော်ဝင်နေသောသူမကို ဂယောင်ဆူးတကယ်ကြည့်မရပါ..
သူမလက်ကိုအသာဖယ်ချလိုက်ပြီး...

"Sorryပါ ကိုယ်ဒီနေ့အိမ်စောစောပြန်ရမှာမို့!"

"အိုး..အိမ်မှာစောင့်နေတဲ့သူရှိတယ်ပေါ့လေ? ဘယ်သူများလဲ သိချင်မိပါရဲ့!"

ကျစ်! စိတ်ပျက်ဖို့ကောင်းလိုက်တာ ဒီမိန်းမ!!

"Hey bro! သွားရအောင်ကွာ ခင်မင်မှုလည်းတိုးတာပေါ့"

ထိုသူက ဂျက်! သူမ၏အကိုတဲ့ သူမနဲ့ ဂျက်နဲ့က ရှယ်ယာစပ်တူဝင်ထားတာဖြစ်သည်

"သွားကြတာပေါ့ အရမ်းကြီး မိုးချုပ်လို့မဖြစ်ဘူးနော်"

"Ok bro let's go!!"

ငြင်းမရတဲ့အဆုံးသူလက်ခံလိုက်ရတော့၏...

••••••••••••••••••••••••••••

"Hey cheer"

သုံးယောက်သားခွက်ချင်းတိုက်ပြီး တစ်ခွက်ကို ပြိုင်တူသောက်လိုက်ကြသည်..

"Men! ရည်းစားလေးဘာလေးမရှိဘူးလား??"

ဂျက်ကစကားစသည်!
ဂယောင်ဆူးတစ်ချက်ပြုံးလိုက်ရင်း

"မရှိဘူး bro"

"Oh really??"

ဂျက်က အံ့အားတစ်ကြီးမေးသည်..သူဘယ်ခြေလှမ်းလှမ်းနေသည်ကို ဂယောင်ဆူးသိ၍ မဲ့ပြုံးလေးဆင်မြန်းရင်း....

𝚂𝚞𝚐𝚊𝚛𝙳𝚊𝚍𝚍𝚢(𝙲𝙷𝙰𝙽𝚂𝙾𝙾)Where stories live. Discover now