Part _1💗ဘဝတစ်​ခုအစပြုခြင်း💟

13.8K 524 18
                                    

မဟူရာရောင်​လွှမ်းခြုံထားသော ကောင်းကင်​ကြီးအောက်​မှာ

အရာအားလုံး တိတ်​ဆိတ်​ငြိမ်​သက်​လျက်

သို့သော်​ များမကြာမီမှာပင်​ အနက်​ရောင်​ VENကားတစ်​စီး

ထိုးရပ်​လာသည်​ မရှေးမနှောင်းပင်​ ကားပေါ်မှ လူ၂ယောက်

ဆင်းလာကြပြီး မြင်​နေရသော Wang စံအိမ်ကြီးဆီသို့

ခပ်​သုတ်​သုတ်​ဝင်​သွားကြသည်

"သခင်​ကြီး ဝမ်းဆွဲသည်​ ရောက်​လာပါပြီ "

သတင်းပို့သံအဆုံးမှာ Wang သခင်​ကြီး ဘေးမှာ

ဝေဒနာခံစားနေရသော ဇနီးသည်​ကို ကြည့်​လိုက်​ပြီး

စကားဆိုသည်

"မလွှဲသာတဲ့ အခြေနေမှာမို့ အိမ်​တော်​မှာဘဲ ဆင်းဆင်းရဲရဲ

မွေးဖွားခိုင်းရတဲ့အတွက်​ မောင်​တော်​ အားနာမိပါတယ်

နှမငယ်​ သို့မဟုတ်​လျှင်​ ရှုလန်​ရဲ့ နာကြည်းချက်က

နှမငယ်​နဲ့ မွေးဖွားလာမယ့်​ ရင်​သွေးငယ်​အတွက်​  စိုးရိမ်​ဖွယ်

ရာ ဖြစ်​လာနိုင်​လို့ပါ နှမငယ်​"

ထိုစကားဆိုပြီးသည်​နှင့်​ Wang သခင်​ကြီးသည်​ ချစ်

လှစွာသော  ဇနီးသည်​ နဖူးကို အားပေးအနမ်းခြွေလိုက်​ပြီး

အဆောင်​တော်​ အပြင်​ဘက်​ ထွက်​ခဲ့သည်

ထို့နောက်​မှာတော့ အခန်းတွင်းမှ နာကျင်​စွာအော်

သံကိုကြားနေရသော ဇနီးသည်​အတွက်​ ပူပန်​စွာ ခေါက်

တုံ့ခေါက်​ပြန်​ လျှောက်​နေမိသည်

"သခင်​ကြီး ခြံဝန်းအပြက်​ဘက်​မှာ ချထားတဲ့ စည်းအကာ

ျိကျိုးပေါက်​သွားကြောင်းပါ"

ဒါဆို ရှုလန်​ လာပြီပေါ့ တောက်​ ငါ့အတွင်းအား

အကုန်​သုံးပြီး ချထားတဲ့ စည်းကိုတောင်​ သူချိုးဖောက်​နိုင်

တယ်​ဆိုမှတော့ ၃နှစ်​တာကာလအတွင်းမှာ ဘယ်​လောက်

စွမ်းအားများလာတယ်​ဆိုတာ မှန်းမရနိုင်​အောင်​ပါ်​ဘဲလား

❤️အချစ်​စစ်​ ကျိန်​စာ❤️Where stories live. Discover now