မဟူရာရောင်လွှမ်းခြုံထားသော ကောင်းကင်ကြီးအောက်မှာ
အရာအားလုံး တိတ်ဆိတ်ငြိမ်သက်လျက်
သို့သော် များမကြာမီမှာပင် အနက်ရောင် VENကားတစ်စီး
ထိုးရပ်လာသည် မရှေးမနှောင်းပင် ကားပေါ်မှ လူ၂ယောက်
ဆင်းလာကြပြီး မြင်နေရသော Wang စံအိမ်ကြီးဆီသို့
ခပ်သုတ်သုတ်ဝင်သွားကြသည်
"သခင်ကြီး ဝမ်းဆွဲသည် ရောက်လာပါပြီ "
သတင်းပို့သံအဆုံးမှာ Wang သခင်ကြီး ဘေးမှာ
ဝေဒနာခံစားနေရသော ဇနီးသည်ကို ကြည့်လိုက်ပြီး
စကားဆိုသည်
"မလွှဲသာတဲ့ အခြေနေမှာမို့ အိမ်တော်မှာဘဲ ဆင်းဆင်းရဲရဲ
မွေးဖွားခိုင်းရတဲ့အတွက် မောင်တော် အားနာမိပါတယ်
နှမငယ် သို့မဟုတ်လျှင် ရှုလန်ရဲ့ နာကြည်းချက်က
နှမငယ်နဲ့ မွေးဖွားလာမယ့် ရင်သွေးငယ်အတွက် စိုးရိမ်ဖွယ်
ရာ ဖြစ်လာနိုင်လို့ပါ နှမငယ်"
ထိုစကားဆိုပြီးသည်နှင့် Wang သခင်ကြီးသည် ချစ်
လှစွာသော ဇနီးသည် နဖူးကို အားပေးအနမ်းခြွေလိုက်ပြီး
အဆောင်တော် အပြင်ဘက် ထွက်ခဲ့သည်
ထို့နောက်မှာတော့ အခန်းတွင်းမှ နာကျင်စွာအော်
သံကိုကြားနေရသော ဇနီးသည်အတွက် ပူပန်စွာ ခေါက်
တုံ့ခေါက်ပြန် လျှောက်နေမိသည်
"သခင်ကြီး ခြံဝန်းအပြက်ဘက်မှာ ချထားတဲ့ စည်းအကာ
ျိကျိုးပေါက်သွားကြောင်းပါ"
ဒါဆို ရှုလန် လာပြီပေါ့ တောက် ငါ့အတွင်းအား
အကုန်သုံးပြီး ချထားတဲ့ စည်းကိုတောင် သူချိုးဖောက်နိုင်
တယ်ဆိုမှတော့ ၃နှစ်တာကာလအတွင်းမှာ ဘယ်လောက်
စွမ်းအားများလာတယ်ဆိုတာ မှန်းမရနိုင်အောင်ပ်ါဘဲလား
YOU ARE READING
❤️အချစ်စစ် ကျိန်စာ❤️
Vampireကျိန်စာတစ်ခုနဲ့အတူ မွေးဖွားလာရသော Vampireကလေးငယ် ကျိန်စာပြေဖို့အတွက် ပေါများလှတဲ့ အတုယောင်တွေကြားက အချစ်စစ်တစ်ခုကို သူဘယ်လိုလိုက်ရှာမလဲဆိုတာ......... Xiao Zhan & Wang Yibo အတွဲလေးအတွက်ပါ စိတ်ကူးယဉ် Fic တစ်ပုဒ်ပါ ပြီးတော့ Warni...