ဒီရှောင်ကျန့် ကတော့ ထူးထူးဆန်းဆန်းဖြေရှင်းလို့ ။
သူဖြေရှင်းခါမှ လူတွေကလည်း သို့လော သို့လောတွေဖြစ်ကုန်တာလည်းမသိလားမသိ။
" ကဲပါ...ကောင်မလေးဘဲ ကိုက် ကိုက်..ကောင်လေးဘဲ ကိုက် ကိုက်..."
" ယားးး....စီရွှင်း...မင်းတော်တော့နော်...."
ကြည့် ဘာမှတောင်မပြောရသေးဘူး..မျက်နှာက စတော်ဘယ်ရီမှောက်သလို ရဲတွတ်နေပြီ။
" အေးပါကွာ...သဘောပြောတာပါ...မင်းကိုသူဌေးက ရုံးခန်းခဏလာအုံးလို့မှာလိုက်တယ်...ပြီးတော့...."
စီရွှင်းကစကား မဆက်သေးဘဲ သူ့နားနား ကို တိုးကာ ...
" ရှင်းယွမ် လေးလည်းရောက်နေတယ်...အဟိ.."
" ကျစ်...တော်စမ်း ပါကွာ...ဒါဘဲမလား..သွားပြီ..."
ရှင်းယွမ်ဆိုတာ တခြားမဟုတ် သူဌေးရဲ့ သမီး..။
ပြောရရင် သူ့ကိုသဘောကျနေတာ ။သူကတော့သူဌေးရဲ့သမီးမို့ ပစ်ပစ်ခါခါမဆက်ဆံရဲဘဲ အလိုက်သင့်ဆက်ဆံပေမဲ့ သူမကတော့ အခွင့်အရေးကို ယူစရာမလိုလောက်အောင် မြောင်းဖောက်ပေးတတ်တဲ့ မိန်းကလေးမို့ သူ့မှာ အလိမ်မာနဲ့ရှောင်နေရသည်။
ဒီကြားထဲ သူဌေးကလည်း သူသမီးကြိုက်တာကိုသိသလို သူကိုယ်တိုင်ကလည်း လိုလိုလားလားနဲ့ အောင်သွယ်တတ်သေးတာမို့ ဒီလိုအချိန်ဆို သူလုံးဝမသွားချင်။
ဒါပေမဲ့ ကိုယ်ကသူု့အလုပ်သမားဆိုတော့ အလုပ်ရှင်ခေါ်တော့ ရှောင်လွဲလို့မရနိုင်စွာ စိတ်ရှုပ်ရှုပ်နဲ့ထွက်လာခဲ့ရသည်။
..
..
" ဒါက နွေရာသီအတွက် ဆွဲထားတဲ့ဒီဇိုင်းသစ်တွေပါ...နွေရာသီဖြစ်လို့ ပေါ့ပေါ့ပါးပါး နဲ့ ဖက်ရှင်ကျစေမဲ့ဒီဇိုင်းတွေ ဆွဲထားတာပါ...သူဌေး လိုအပ်တာရှိရင် ပြောပါ...show ပွဲအတွက်ကတော့ အခုမှစ run ရမှာပါ..."
ခုံမှာ သူဆွဲလာတဲ့ ဒီဇိုင်းတွေကို သေချာချပြရင်း သူဌေးရဲ့ တုန့်ပြန်ချက်တွေကိုနားစွင့်နေလိုက်သည်။
YOU ARE READING
If Not For You
Fanfictionယောင်္ကျားလေးတစ်ယောက်ကို handsome လို့မသုံးဘဲ beautiful လို့သုံးလို့ရမလား... ဘာကြောင့်လဲဆိုတော့...သူကယောက်င်္ကျားလေးတစ်ယောက်ပေမဲ့ ပန်းတစ်ပွင့်လိုလှပလွန်းတယ်....ဒါပေမဲ့ မနူးညံ့ဘူး.. အရိုင်းဆန်တယ်....ညို့ချက်ပြင်းတယ်......သိုဝှက...
Part (2)
Start from the beginning
