Part (2)

1.3K 172 45
                                        

ဒုတိယအကြိမ်​ ကျဆုံးမိ​သော နှလုံးသား
~°~°~°~°~°~°~°~°~°~°~°°~°~°~°~°~°~°

နီးကပ်​လာတဲ့ မျက်​နှာသွယ်​သွယ်​​လေးနဲ့ ပွတ်​တိုက်​သွားတဲ့ နှာ​ခေါင်းထိပ်​ဖျား​လေး​..တိုးဝင်​လာတဲ့ နူတ်​ခမ်းဖျား​လေးနဲ့ စုပ်​ယူသွားတဲ့ သူ့အင်​အားတစ်​ခုလုံး....။

ဟာ...
ကျစ်​...​ရောက်​​နေပြန်​ပြီ..ဒီအ​တွေး​တွေ။
ရှောင်​ကျန့်​ ​ ဆွဲ​နေတဲ့ပုံကို ဆက်​မဆွဲနိုင်​​တော့ဘဲ စာရွက်​ကို ဆုပ်​​ချေကာ ခုံ​အောက်​အမှိုက်​ပုံးထဲကို ထည့်​လိုက်​ပြန်​သည်​။

အမှိုက်​ပုံးတစ်​ခုလုံးလည်း တွန့်​​ကြေ​နေတဲ့စာရွက်​​တွေနဲ့ ပြည့်​နှက်​​နေသည့်​တိုင်​ အခုထက်​ထိ ဒီဇိုင်းတစ်​ခုထွက်​မလာ​သေး။

ရှောင်​ကျန့်​ဆိုတာ စာရွက်​နဲ့ခဲတံလက်​ထဲ​ရောက်​တာနဲ့ ဆန်းသစ်​တဲ့ဒီဇိုင်း​တွေကို download ဆွဲထားသလို ဆက်​တိုက်​​ရေးနိုင်​တဲ့ ပါရမီရှိတဲ့ ဒီဇိုင်းပညာရှင်​တစ်​​ယောက်​။

ဒါ​ပေမဲ့ ဒီ​နေ့က​တော့ ပြည့်​တင်းဖူးရွ​နေတဲ့ နူတ်​ခမ်းတစ်​စုံကို မြင်​​ယောင်​လိုက်​တိုင်း ဒိန်းခနဲ့မြန်​လာတဲ့နှလုံးခုန်​သံနဲ့အတူ ဆုတ်​ယုတ်​သွားတဲ့ အား​တွေ​ကြောင့်​ ခဲတံ​တောင်​မကိုင်​ချင်​​တော့....။

"အဆိုး​ကောင်​..မုန်းလိုက်​တာ...."

" ငါ့ကို ​ပြောတာလား....."

ဘယ်​အချိ​န်​က​နေ အနား​ရောက်​​နေမှန်းမသိတဲ့ စီရွှင်းရဲ့ အူ​ကြောင်​​ကြောင်​စကား​ကြောင့်​ ခဲတံကို စာရွက်​​ပေါ်တင်​ကာ ဆုံလည်​ခုံမှာ ​နောက်​ကိုမှီထိုင်​ရင်း ​ခေါင်းခါပြလိုက်​သည်​။

" ဆရာကြီး ဘာ​တွေအ​တွေးများ​နေတာလဲ...မဟုတ်​မှ...ဟို​နေ့က ကိုက်​လွှတ်​လိုက်​တဲ့ ​ကောင်​မ​လေးအ​ကြောင်း​ကြောင့်​ ....."

" ဘာ​ကောင်​မ​လေး.​...ဘာကိုက်​လွှတ်​တာလဲ...မူးလို့​ချော်​လဲသွားတာပါဆို...ဒီလို​မှောက်​ခုံကြီးလဲ​တော့ ​ဘေစင်​​စောင်းနဲ့ခိုက်​မိသွားတာပါဆို...."

မျက်​နှာရဲရဲနဲ့ လဲကျတဲ့ပုံစံကအစသရုပ်​​ဖော်​ပြ​နေတာမို့ အခန်းထဲကလူ​တွေ အူ​ကြောင်​​ကြောင်​နဲ့ ကြည့်​​နေကြ​ပေမဲ့ ကာယကံရှင်​က​တော့ နူတ်​ခမ်းတ​ထော်​​ထော်​ နဲ့ ရှင်းပြတုန်း...။
ဘာဖြစ်​လို့ ဒီ​လောက်​အသည်းအသန်​ရှင်းပြ​နေလဲမသိ။
ကိုယ်​​တွေဆို တမင်​​တောင်​ ​ကောင်​မ​လေးကိုက်​လွှတ်​လိုက်​တာလို့ ​ခပ်​ကြွားကြွား​ပြောအုံးမှာ။

If Not For YouTempat cerita menjadi hidup. Temukan sekarang