ခိုးယူခြင်းခံရသော အနမ်း....
~°~°~°~°~°~°~°~°~°~°~°~°~°~°~°~°
ချီးယားစ်....အောင်မြင်ပါစေ....!!!
အမြုပ်တစီစီထနေတဲ့ဘီယာခွက်တွေကို စုစည်းပြီး ခွက်ချင်းတိုက်သံတွေနဲ့အတူထွက်ပေါ်လာတဲ့ ဆုတောင်းသံတွေက ဒီဆူညံနေတဲ့အခန်းထဲကို မထိုးဖောက်နိုင်ပေ။
အေးစက်စက်နဲ့ ခါးသက်သက်အရသာရှိတဲ့ ဘီယာကိုတကျိုက်လောက်မော့ပြီး ရှေ့မှာချထားတဲ့ ပန်းကန်ထဲကအသားတဖေ့ကိုအမြန်ဆုံးကောက်ဝါးလိုက်ရသည်။
အစကနေ အရက်ဘီယာ သိပ်မသောက်နိုင်တဲ့သူက ဘီယာနှစ်ခွက်မြှောက်မှာ အရာအားလုံး ရီဝေေ၀ဖြစ်လာပြီ။
ဒါဆို သေချာတယ် သူ့ပါးနှစ်ဖက်လုံး ရဲတွက်နေတော့မှာ။
" ရှောင်ကျန့် ထပ်ထည့်မယ်....မင်းခွက်မှာကုန်နေပြီ...."
သူနဲ့လုပ်ဖော်ကိုင်ဖက် စီရွှင်း က ဘီယာပုလင်းမပြီးသူ့အနားရောက်လာသည်မို့ သူကမန်းကတမ်းထကာ လက်ခါပြရင်း...
" တော်ပြီ စီရွှင်း ရာ ငါမနိုင်တော့ဘူး အခုတောင် ငါ မူးနေပြီ ထပ်သောက်ရင် နက်ဖြန် ရုံးမသွားနိုင်ဘဲနေလိမ့်မယ်...."
" ရှောင်ကျန့် မင်းကတော့နော်...အလုပ်သရဲ ဆိုတဲ့ နာမည်ပြောင်ပေးထားတဲ့အတိုင်း သေရင်တောင် အလုပ်မှာဘဲ လာသေမလားအောက်မေ့ရတယ်...."
" အဲ့လောက်လည်းမဟုတ်ပါဘူးကွာ....စိတ်ဝင်စားတဲ့အလုပ်မို့ ပိုအလေးထားမိတာပါ...လကုန်ပေးရမဲ့ ဒီဇိုင်းတွေလည်းရှိသေးလို့....နော်...ဟိုဖက်ဝိုင်းဘဲသွားထည့်ပေးလိုက်ပါ...ငါမသောက်နိုင်တာ မင်းသိရဲ့သားနဲ့...."
စီရွှင်း ကတော့ ခေါင်းတခါခါနဲ့ ပြောမရသည့်ပုံစံမျိုးနဲ့ဟိုဖက်ဝိုင်းကလူတွေကို သွားဧည့်ခံနေလေသည်။
သူက နာမည်ကြီး အင်္ကျီကုမ္ပဏီတစ်ခုရဲ့ ဒီဇိုင်းနာတစ်ဦး။
ငယ်ငယ်ကနေ ဒီဇိုင်းကိုစိတ်ဝင်စားခဲ့တာမို့ တက္ကသိုလ်ကိုလည်း ဒီဇိုင်းပိုင်းဆိုင်ရာကိုဘဲရွေးတက်ခဲ့ပြီး ကျောင်းအားတဲ့အချိန်မှာ အင်္ကျီချုပ်ဆိုင်တွေမှာ အချိန်ပိုင်းအကူလုပ်ရင်း ကျောင်းပြီးအောင် ရုန်းကန်ခဲ့ရသည်။
ESTÁS LEYENDO
If Not For You
Fanfictionယောင်္ကျားလေးတစ်ယောက်ကို handsome လို့မသုံးဘဲ beautiful လို့သုံးလို့ရမလား... ဘာကြောင့်လဲဆိုတော့...သူကယောက်င်္ကျားလေးတစ်ယောက်ပေမဲ့ ပန်းတစ်ပွင့်လိုလှပလွန်းတယ်....ဒါပေမဲ့ မနူးညံ့ဘူး.. အရိုင်းဆန်တယ်....ညို့ချက်ပြင်းတယ်......သိုဝှက...
