နူတ်​ဆက်​ပြီးပြန်​ဖို့ဆိုတာကလည်း ပါလာတဲ့ မိန်းက​လေး​တွေ​တောင်​ မပြန်​​သေးတာ သူတစ်​​ယောက်​တည်းပြန်​မယ်​လို့​ပြောလို့လည်းမ​ကောင်းပြန်​။
နောက်​ဆုံး ခုံမှာဘဲလက်​တင်​ကာ ​မှောက်​ပြီးအိပ်​ဖို့ပြင်​လိုက်​သည်​။

Wooow.....

ရွှီးး...

woow ဘယ်​လို​တောင်​ဒီ​လောက်​ဆွဲ​ဆောင်​မှုရှိ​နေရတာလဲ cobra ရယ်​...

ငြိမ့်​​ညောင်းသလိုနဲ့စလာတဲ့ တီးလုံးသံခပ်​မြူးမြူးနဲ့အတူ ​အော်​ဟစ်​သံ​တွေ ​မချင့်​မရဲဖြစ်​သံ​တွေ လက်​ခုပ်​တီးသံ​တွေနဲ့ ဆူညံလာတဲ့ပတ်​၀န်းကျင်​​ကြောင့်​ အိပ်​မရတဲ့အတူတူ တခြားသူ​တွေနဲ့အတူ....​ကျောခိုင်းထိုင်​​နေတဲ့ ခန္ဓာကိုယ်​ကိုလှည့်​ပြီး စင်​​ပေါ်ကိုကြည့်​လိုက်​မိသည်​။

သူအသက်​ရှုဖို့ တစ်​ဒင်္ဂ​မေ့သွားရ​လောက်​​အောင်​ လှပလွန်းသည်​။
လှုပ်​ရှားမှူ​တွေက နူးညံသလိုနဲ့ မာထန်​​နေသည်​။
တိကျလွန်းတဲ့ ​မေးရိုး​တွေနဲ့ ပန်းချီဆရာတစ်​​ယောက်​ရဲ့ စုတ်​ချက်​​တွေအလား ​လှပလွန်းတဲ့ မျက်​နှာဖွဲ့စည်းပုံ​တွေက ပန်းချီကားတစ်​ချပ်​အလား။

သေချာတယ်​ သူသာ ​ရွှေမလျား​နေရင်​ သူ့ကို ပန်းချီကားတစ်​ချပ်​လို့ဘဲ သူထင်​မိမှာ။
တီလုံးအလိုက်​ လှုပ်​ရှား​နေတဲ့ ကိုယ်​ခန္ဓာ ကနူးညံလွန်းတဲ့ မျက်​နှာ​လေးနဲ့မလိုက်​ဖက်​​အောင်​ပင်​ အဖုအထစ်​​တွေနဲ့ ​ယောက်​ကျားဆန်​လျက်​။

အခုခတ်​လူငယ်​​တွေဝတ်​တဲ့ အပြဲ​တွေနဲ့​ဘောင်းဘီဆိုတာကို ဒီဇိုင်​နာဖြစ်​​နေ​​ပေမဲ့ သူမကြိုက်​။ဝတ်​လိုက်​ရင်​လည်း ဘယ်​သူနဲ့မှလည်းလိုက်​ဖက်​တယ်​လို့ မမြင်​မိ။

ဒါ​ပေမဲ့ အဲလိုခံယူချက်​​တွေကို စင်​​ပေါ်ကပန်းရိုင်း​လေး​ကြောင့်​ သူဆန့်​ကျင်​လိုက်​ချင်​​တော့​အောင်​ သူနဲ့လိုက်​ဖက်​လွန်း​နေသည်​။
ရှပ်​အဖြူကို ကြယ်​သီးမတပ်​ဘဲ ၀တ်​ထားတာ​ကြောင့်​ ​ချွေး​တွေနဲ့ ​အ​ရောင်​လက်​​နေတဲ့ ကြွက်​သား​တွေက လှုပ်​ရှားမှုတိုင်းနဲ့လိုက်​ဖက်​လို့။

If Not For YouWhere stories live. Discover now