ငယ်ငယ်ကနေ မိဘမရှိဘဲ အဘိုးနဲ့ဘဲ ကြီးပြင်းလာရတဲ့ သူ့အဖို့ ကိုယ့်အားကိုကိုးဖို့ကို အထူးတလည် သင်ယူစရာမလိုခဲ့။
အဘိုးကတော့ တိုင်းရင်းဆေးဆရာမို့ အဘိုးဆေးကုလို့ရတာနဲ့ သူတို့မြေးအဖိုးအတွက် ဖူလုံခဲ့ပေမဲ့ သူတက္ကသိုလ်ရောက်တဲ့အချိန်မှာကျန်းမာရေးချိုတဲ့လာတဲ့အဘိုးက အရင်ကလောက် ငွေမရှာနိုင်တော့ချေ။
ဒါကြောင့် သူအချိန်ပိုင်းအလုပ်ဝင်လုပ်ရင်း ကျောင်းစရိတ်ရှာခဲ့ရသည်။
သူကျောင်းနောက်ဆုံးနှစ်မှာပင် အဘိုးကလူကြီးရောဂါနဲ့ကွယ်လွန်ခဲ့သည်။
ဒီလိုနဲ့သူ့မှာ အဘိုးအမွေပေးခဲ့သိပ်မကျယ်တဲ့ခြံဝန်းလေးနဲ့ အိမ်သေးသေးလေးတစ်လုံးမှာ တစ်ယောက်တည်းရုန်းကန်ခဲ့ရသည်။
ဒီဇိုင်နာကောင်းတစ်ဦးဖြစ်ချင်တဲ့သူ့အတွက် ကညာယူစရာလို့မကုန်နိုင်ခဲ့သလို တစ်ဖက်ရှာတဲ့ပိုက်ဆံ သင်တန်းဖိုးတွေနဲ့ကုန် ။
ဒီလိုလုံးရှာလိုက်ရင်း သူအမြဲလုပ်ချင်ခဲ့တဲ့ ဒီကုမ္ပဏီကြီးမှာ လွန်ခဲ့တဲ့တစ်နှစ်က အကူဒီဇိုင်နာအနေနဲ့ အလုပ်စ၀င်ခဲ့သည်။
အခုဆို သူ့ရဲ့ကြိုးစားမှုနဲ့လက်ရာတွေကြောင့် ဒီဇိုင်နာ တစ်ယောက်အဖြစ်ရပ်တည်နိုင်ခဲ့ပြီ။
" woow......!!"
" beautiful cobra.....!!!"
" beautiful cobra....!!! "
" beautiful cobra.....!!! "
ခွက်ထဲကလက်ကျန် ဘီယာကိုမော့နေတုန်း ခန်းမထဲ ယောက်ကျားကော မိန်းမကော အုံအုံးကြွ ဖြစ်သွားရကာ အကြည့်တွေက သူတို့ရှေ့က စင်ပေါ်ကို အာရုံရောက်နေကြသည်။
အမှောင်ချထားတဲ့ စင်ပေါ်မှာ အလင်းရောင်စိုးစိမျှ မမြင်ရအောင် အမှောင်ချထားပေမဲ့ လူတွေရဲ့ မျက်လုံးတွေကတော့ အဲဒီအမှောင်ကို တလက်လက်တောက်ပနေတဲ့ အကြည့်တွေနဲ့မျှော်လင့်နေကြလေ၏
သူကတော့ ရီဝေေ၀ထက်ပိုလာတဲ့ ယစ်မူးမှုတွေနဲ့ ထိုင်းမှိုင်းလာတဲ့ သွေးသားတွေကြောင့် ဖြစ်နိုင်ရင် ဒီနေရာမှာဘဲ လှဲပြီး အိပ်ချင်နေတဲ့စိတ်ဘဲရှိသည်။
YOU ARE READING
If Not For You
Fanfictionယောင်္ကျားလေးတစ်ယောက်ကို handsome လို့မသုံးဘဲ beautiful လို့သုံးလို့ရမလား... ဘာကြောင့်လဲဆိုတော့...သူကယောက်င်္ကျားလေးတစ်ယောက်ပေမဲ့ ပန်းတစ်ပွင့်လိုလှပလွန်းတယ်....ဒါပေမဲ့ မနူးညံ့ဘူး.. အရိုင်းဆန်တယ်....ညို့ချက်ပြင်းတယ်......သိုဝှက...
Part (1)
Start from the beginning
