Start from the beginning
ဗျက်စောင်းပိုင်ရှင်သည် သူ့၏အကြည့်အား ပလွေပိုင်ရှင်ဆီသို့ ပို့လွတ်လိုက်ကာ...။
" အင်း..."
သစ်ပင်ပေါ်တွင်ထိုင်နေသည့် ပလွေပိုင်ရှင်သည် ပိုမို၍ မြူးထူးလာကာ ခြေကားယား လက်ကားယား ဖြင့် အပင်အောက်သို့ ခုန်ချလေသည်။
ဗျက်စောင်းပိုင်ရှင်သည် လွှားကနဲပျံသန်းရင်း ပြုတ်ကျ လာနေသည့် ပလွေပိုင်ရှင်အား အမိအရ ဖမ်းယူ ပွေ့ဖက်လိုက်၏။ ထို့နောက် မြေပြင်ပေါ်သို့ အသာအယာ ဆင်းသက်လေသည်။
" ဝေယဉ်~"
လန်ကျန့်၏အသံသည် အနည်းငယ် တုန်ယင်လျက် ရှိလေ၏။ အမိအရဖမ်းနိုင်သည်မှာ သေချာသော် လည်း ဝေ့၀ူရှန်းတစ်ခုခုဖြစ်သွားမည်ကိုတော့ စိုးရိမ်မိဆဲ...။
လန်ဝမ်ကျီသည် ဝေ့၀ူရှန်းအား ပွေ့ဖက်လျက်သားဖြင့် တစ်ဦးနှင့်တစ်ဦး ချစ်မြတ်နိုးစွာ စူးစိုက်ကြည့်နေမိကြ ၏။
ထိုစဉ် " ဝေါ့" ခနဲအသံနှင့်အတူ ဖုတ်သရဲ အချို့ သည် ၄င်းတို့၏ အူများအား အထွေးလိုက်အန်ထုတ် ပစ်လိုက်ကြ၏။
ချစ်ကြည်နူးနေကြသည့် စုံတွဲအား မရှု့စိမ့်နိုင်သည့် အလား...။
ဝေ့၀ူရှန်း၏ မျက်နှာတွင် အပြုံးရိပ် ပိုမိုထင်ဟပ်လာ လေသည်။
" အလုပ်ဖြစ်တယ်ဟ..."
လန်ဝမ်ကျီသည် " အင်း" သံပြု၏။
" လန်ကိုကိုလေး...ငါ့ကို မြန်မြန်နမ်း "
နှုတ်ခမ်းနှစ်ခု ပူးကပ်သွားသည်နှင့် ဖုတ်သရဲအားလုံး လိုလိုသည် အကြောသေနေပြီဖြစ်သည့် မျက်နှာများ ကို ရှုံ့တွလိုက်ရင်း ကိုယ့်သေတွင်းဆီသို့ လှည့်ပြန်ရန် ကြိုးစားကြလေတော့၏။
မှန်ပါ၏။ ဝေ့၀ူရှန်း ဆင့်ခေါ်ထားသည့် ဖုတ်သရဲ အားလုံးသည် FA ဘ၀ဖြင့် သေဆုံးကြသူများဖြစ် လေသည်။
ဖုတ်သရဲများသည် ဆွဲဆွဲအီအီအသံပြုရင်း ကိုယ့်အတွင်းထဲသို့ ကိုယ့်ဘာသာ ပြန်လည် ၀င်အောင်းကြပါ၏။
ဝေ့၀ူရှန်းသည် ဖုတ်သရဲများ၏ အဖြစ်ကိုကြည့်ကာ လန်ဝမ်ကျီ၏ ရင်ခွင်၌ပင် အားပါးတရ အူနာအောင် ရယ်ပါ၏။
Mo Dao Zu Shi (Comedy)Where stories live. Discover now