"ဘာလို့ မျက်လုံးမှိတ်လိုက်တာလည်း?"

"Hyungကကော ဘာလို့ အဲ့လောက် ကပ်ကပ်ကြီးနေနေတာလည်း?"

"ထူးဆန်းလို့လား?"

လာပြန်ပြီး အဲ့စကား ထူးထူးဆန်းဆန်းတွေ သူဘဲလုပ်ပြီး သူဘဲပြန်ပြောနေတယ်

"ဘာလို့ပြန်မေးနေတာလည်း သူများမေးတာတော့မဖြေဘဲနဲ့"

ကျစ် သေစမ်း Park Jimin သေစမ်း ဘာလို့ စကားပြောရင်း အသံက တိမ်ဝင်သွားရတာလည်း

"နှစ်ကိုယ်တည်းကြားအောင် ပြောချင်လို့"

"ဟင် ဘာပြောမလို့လည်း?"

နဂိုအနေအထားထပ် မျက်နှာနား ပိုကပ်လာကာ နားရွက်ဖျားလေးအား နှုတ်ခမ်းနှင့် မထိတထိ လေးထိပြီး

"ညနေကျောင်းပြီးရင် Hyung နဲ့တစ်နေရာ အတူသွားစရာရှိတယ်"

နားနားကပ်ကာ မထိထိလေးပြောနေသည်မို့ လူကရှိန်းတိန်းတိန်း

"ဘယ်သွားမလို့လည်း?"

"မေးခွန်းတွေများလိုက်တာ စပ်စုစိန်လေးရယ် အဲ့အခါကျ သိရမှာပေါ့"

မကျေနပ်ဟန်ဖြင့် နှုတ်ခမ်းလေးဆူကာ

"မပြောလည်းပြီးရော"

မုန်းစရာကောင်းလောက်အောင် ထပ်ပြုံးပြပြန်ပြီး တစ်ဖက်သား နှလုံးတုန်အောင် ဆွဲဆောင်မှုပုဒ်မနဲ့ ခင်များကို တရားဆွဲမိတော့မယ်

အရမ်းဆွဲဆောင်လွန်းနေတဲ့သူ့ကို မျက်စောင်းတွေလွှတ်ကျွေးပြီး ကားထဲမှထွက်ကာ ကျောင်းထဲသို့သာ ဝင်လာခဲ့တော့သည်

ကားထဲကနေ လုံးလုံးလေးထွက်သွားသော ကောင်လေးရဲ့ကျောပြင်ကိုကြည့်နေသော နှုတ်ခမ်းပါးပိုင်ရှင်၏ နှူတ်ဖျားမှာထွက်သွားသည်ကား

"စွာလိုက်တာလေးက အသည်းယားစရာကောင်းတယ်"

.............................................

At School

"ဟေ့ကောင် Jimin ကျောင်းပိတ်တော့မယ်နော်"

"အင်းဟုတယ်"

"နေပါဦး မင်းကဘာလို့မှိုင်နေရတာလည်း ဘာလည်းကျောင်းပိတ်တာ မပျော်ဘူးလား?"

Daddy Min[M.Y.G×P.J.M]✔Where stories live. Discover now