အပိုင်း(၂၁)
Comenzar desde el principio
သူလှည့်ကြည့်လိမ့်မယ်လို့....ကျွန်တော်ထင်ခဲ့တာ....။
အထင်နဲ့အမြင်လွဲသွားချိန် တဖြည်းဖြည်းဝေးသွားတဲ့ ကျောပြင်ကိုငေးနေမိဆဲ မျက်လုံးတွေဟာ ဝေဝါးလာတာ ဘာဖြစ်လို့ပါလိမ့်....။
" ခင်မောင်.....နင်ဟာလေ....တကယ်ဂြိုလ်ကောင်ပဲ..."
ကျွန်တော့နားထဲတွင်...ဘွားဘွားရဲ့မကျေမနပ်စကားသံတွေ ကြားနေရသည်။ ခြံအပြင်ဘက်ရှိ နေရာလွတ်လေးကို မမှိတ်မသုန်ကြည့်နေမိချိန်...အားနည်းနေတဲ့ခန္ဓာကိုယ်ဟာ မြေပြင်ပေါ်တွင် ယိုင်နဲ့နဲ့....။ ခြေထောက်တွေ မခိုင်ချင်တော့မှန်းသိ၍ ချက်ချင်းထိုင်ချမိသောအခါ ကျွန်တော့ရင်ဘတ်ထဲက တစ်စုံတစ်ခုလည်း ပြုတ်ကျသွားပါသည်။
sunတစ်ယောက် ကျွန်တော့ရင်ထဲ နေရာတော်တော်များများ ယူပြီးနေတာကို ဒီအဖြစ်အပျက်ကြောင့်ပဲ သိလိုက်ရပါတယ်.....။
>>>>>>>>>>>>>>>>>>>>>>>>>>>>>>>
ကားလမ်းတစ်ဖက်ဘေးတွင် ရပ်ထားသော Honda fitအနက်ရောင်လေးထဲတွင် စတီယာရင်ပေါ် ခေါင်းမှောက်နေသည့် နေဝေသော်သည် အမှတ်ရစရာစကားအချို့ကို တွေးတောရင်း စိတ်ပျက်လက်ပျက် ရေရွတ်နေခဲ့သည်။
"ငါကိုယ်တိုင်တောင် မိန်းကလေးတစ်ယောက်ကို ချစ်ပါတယ်လို့ပြောဖို့ခဲယဉ်းနေတဲ့ အနေအထားမျိုးမှာ...
မင်းကငါ့ကိုကြိုက်တယ်... ဟုတ်လား....
ငါ့စိတ်ကိုလည်း ရအောင်ကြိုးစားမယ်ပေါ့...ဟက်...
မင်းငါ့အကြောင်း ဘယ်လောက်များများသိလို့
ဒီစကားပြောရတာလဲ နေဝေသော်...
ငါမေးနေတယ်လေ....မင်းငါ့အကြောင်း ဘယ်လောက်သိလို့လဲလို့...."
အဲ့တာကြောင့်လား....ကူးလေး....။
မင်းငါ့ကို အချိန်တိုင်းငြင်းနေခဲ့တာ...
မင်းမှာရှိနေတဲ့.....။
ရှေ့ဆက်မရေရွတ်နိုင်ခြင်းကို စတီယာရင်အား လက်ဝါးစောင်းနှင့် ရိုက်ချခြင်းဖြင့် စိတ်ဖြေနေမိသော်လည်း တင်းကြပ်နေသည့်ရင်အစုံမှာ တိုး၍သာ မောဟိုက်လာသည်။