Parallel Universe ♡6♡

Start from the beginning
                                    

~• ကော်ဖီလေးတော့ သောက်သွားပါဦးလားရှင်....  ကျွန်မ ရှင်းမှာပါ...•~

ထပြန်တော့ဖို့ ပြင်နေတဲ့ သူ့ကို လှမ်းတားတဲ့ Mira က  မထိရသေးတဲ့ Coffee ခွက်ကို မေးငေါ့ရင်း ပြုံးစစ ပြောလာတာမို့ ပြန်ထိုင်ရင်း အရှက်ပြေ ရယ်ပြလိုက်ရသည်....

အမှန်တကယ်ဆို Mira က တကယ့်ကို တည်ကြည်သည့် မိန်းကလေးပင်...

ပွင့်ပွင့်လင်းလင်းနဲ့ ပြောဆိုတတ်သည့် စရိုက်ကြောင့်မို့ ... သူမ ပုံစံက သာမန် မိန်းကလေးတွေနဲ့ မတူ..

ဘာပဲ ဖြစ်ဖြစ် Kyung Soo  ကိစ္စအတွက် ကူညီနိုင်သူက သူမ တစ်ယောက်ထဲ မို့ သူမကိုပဲ ယုံကြည်ရမှာမဟုတ်လားလေ....

~•...Kyung..... •~

ကိုယ့်အတွေးနဲ့ ကိုယ် လက်ကျန်ကော်ဖီ ခွက်ကို မော့သောက်နေတုန်း နောက်နားဆီက အသံခပ်ဩဩကြောင့် ခါးတွေက မတ်ခနဲ....

~• ဟုတ်နေတာပဲ.... တစ်ယောက်ယောက်နဲ့ တွေ့ဖို့ ရှိလို့လား.... •~

ရှေ့ကို ရောက်လာတဲ့ သူက Kyung Soo လက်ဖဝါးတွေကို အသာဆွဲကိုင်ရင်း မေးလေရဲ့.... 

~• ဟုတ်တယ်..  Jongin ကရော? ဒီကို ဘယ်လိုလုပ်... •~

~• အာ... ကိုယ်ကလား.... ကိုယ့်အမ ဝမ်းကွဲက တွေ့ဖို့ခေါ်လို့ .... •~

~• အော်..... •~

~• Kyung Soo ပြန်တော့မလို့လား.. အယ်.... Jongin....ရောက်တောင်ရောက်နေပြီလား... နှစ်ယောက်က သိနေကြတာလား....•~

သန့်စင်ခန်း ခဏ သွားပြီး ပြန်ရောက်လာတဲ့ Mira ရဲ့ တရစပ် မေးခွန်းတွေကြား Kyung Soo တို့ နှစ်ယောက်မှာ အူကြောင်ကြောင်ရယ်.. 

~• Mira sshi က ? Jonginအမလား... •~

~• ဟုတ်တယ်... Kyung .... အမက ကိုယ့် အဒေါ်ရဲ့ သမီးလေ... ဒါနဲ့ Kyung နဲ့ အမ ကရော သိနေကြတာလား?.. •~

~• အင်း..အဲ့ဒါက...•~

~• Kyung Soo က ငါဒီကို ရောက်စတုန်းက ငါ့ကို အကူအညီ ပေးဖူးလို့ သိနေတာလေ.....  •~

~• အော်... •~

ဖြေရခက်နေသည့် Kyung Soo ကို Mira က ကယ်လိုက်တာမို့ အသက်ရှုချောင်သွားရသည်....

You've reached the end of published parts.

⏰ Last updated: Jun 30, 2019 ⏰

Add this story to your Library to get notified about new parts!

Parallel Universe // ♡ Where stories live. Discover now