မုန့်​ဖိုး ဖြတ်​ခံရမယ်​ ဆိုတာလည်းကြား​ရော အဆိုးအ​ပေ​လေးရဲ့ မျက်​ရည်​​​ပေါက်​ကြီး​တွေက အလုံးလိုက်​လိမ့်​ဆင်းလာ​တော့သည်​ ........

' အီး ... ဟီး ....
ဖေ​ဖေ့ ကိုမုန်းတယ်​ ...
မေ့ကိုလည်း မုန်းတယ်​ ...
ဦး​လေးကြီး​ရော .. ဂျုံအင်​​ရော အားလုံးကို ဘတ်​ဟျွန်းနီ မုန်းတယ်​ ... ပြန်​​ချော့လို့လည်းမရ​တော့ဘူး .... ဘတ်​ဟျွန်းနီ တအားကြီး စိတ်​ဆိုးသွားပြီ ...... အီး ..... '

ပါးစပ်​က ​အော်​ဟစ်​ငိုယို ရုံသာမက ​ခြေ​ဆောင့်​၍ပါ အ​ပေါ်ထပ်​သို့တက်​သွား​သော အဆိုးအ​ပေ​လေးကို ကြည့်​ရင်း Chanyeol ​မော​မောပန်းပန်းဖြင့်​ သက်​ပြင်းချလိုက်​ရသည်​ ........

' အိစိ​လေး ကျွန်​​တော့်​ကို အရမ်း စိတ်​ဆိုးသွား​တော့မှာပဲ '

' ​နေပါ​စေ Chanyeol ......
မင်း အလိုလိုက်​ထားလို့လည်း ရို​သေမှုမရှိ ​လေစားမှု မရှိဖြစ်​​နေပြီ ....
မှတ်​​လောက်​ သား​လောက်​​အောင်​ လွှတ်​ထားလိုက်​ '

အိစိ​လေး ရို​သေမှုမရှိတာကိုလည်း အပြစ်​မ​ပြော​တော့ပါဘူး ....
ကိုယ်​မှ ရို​သေစရာမ​ကောင်းပဲ​လေ ....
အမြဲ ဘယ်​လို အသားယူရမလဲ
ဘယ်​လို စ ' ရမလဲ
ဘယ်​လို နှိုက်​ ရမလဲ ဆိုတာပဲ ​ချောင်း​နေ​တော့ ​ရို​သေချင်​ပါဦးမလား ........

ကိုယ်​ ကိုယ်​တိုင်​ကလည်း ​ကြောင်​​ဂွေးစိ ​လေးရဲ့ ရို​သေ​လေးစားမှုကိုမဟုတ်​ပဲ ချစ်​ခင်​မြတ်​နိုးမှုကိုလိုချင်​​နေဆို​​တော့လည်း .ရှိ​စေ​တော့ ရှိ​​စေ​တော့

အလိုလိုက်​သည်​ပဲ ဆိုဆို အကဲပိုလွန်းသည်​ပဲ ဆိုဆို အခန်းတွင်း​အောင်းပြီး ​ကောက်​​နေတဲ့ ​ကြောင်​​ဂွေးစိ ကို​ချော့ရဦး​ပေမ​ပေါ့​လေ .........

' ​အိစိ​လေး .....
ဦး​လေးကြီး အထဲဝင်​လာခဲ့မယ်​​နော်​ '

' မဝင်​နဲ့ ! '

ဆူ​အောင့်​​အောင့်​ ​အော်​ဟစ်​သံ​လေး ​ပေါ်လာ​ပေမယ့်​လည်း ဒီက အထာနပ်​ပါတယ်​ .....
မဝင်​​စေချင်​ရင်​ အစကတည်းက Lock ချထားမှာ​ပေါ့ ......
အဆိုးအ​ပေ​လေး က ​ကောက်​သာ​ကောက်​​နေရတာတာ .... အ​ချော့​တော့ ခံချင်​တယ်​​လေ

CAT'S [ ​ကြောင့်​ဟာ ]  Z+ UWhere stories live. Discover now