CAT'S 2

3K 384 78
                                    

Cat's [ ​ကြောင့်​ဟာ ] 🐱

အဆိုးအဆာ​လေး Baekhyunee တစ်​​ယောက်​ ​ကျောင်းပိတ်​ရက်​တွင်​ အ​ဖော်​မရှိသဖြင့်​ အလွန်​ပျင်း​နေရှာသည်​ ......

ဂျုံအင်​ တို့ ဆယ်​ဟွန်းနီ တို့ကလည်း သူတို့ဦး​လေးနဲ့အတူ Seoul မြို့စွန်​ဖျားနားက ရွာ​လေးကို ​နေ့ချင်းပြန်​ လိုက်​သွားကြတယ်​ဆို​တော့ ဒီက ဘတ်​ဟျွန်းနီ​လေးမှာ​တော့ တစ်​​ယောက်​တည်း​ .....

ဂျုံအင်​ နဲ့ ဆယ်​ဟွန်းနီ က ညီအစ်​ကို တစ်​ဝမ်းကွဲ​တွေဆို​တော့ ဘယ်​သွားသွားအတူတူ​လေ ....

အဲ့​တော့ဒီက ဘတ်​ဟျွန်းနီ​လေးမှာ​ သူတို့မရှိရင်​ တစ်​​ယောက်​တည်း ......
ဒါကို​တောင်​ ဟိုနှစ်​​ယောက်​က ပစ်​ထားရက်​တယ်​ ....

ဘတ်​ဟျွန်းနီမှာ သူတို့ပဲ ရှိတာ သိရဲ့သားနဲ့ .....

အပျင်းတစ်​​နေ​သော အဆိုးအဆာ​လေးက​တော့ ဧည့်​ခန်းထဲက ဆိုဖာ​ပေါ်တွင်​ပျင်းရိပျင်းတွဲလှဲ​နေလျှက်​ ​ခြေတစ်​​ချောင်းကိုလည်း ဆိုဖာ ​နောက်​မှီ ​ပေါ်တွင်​ခွ၍တွဲလဲချကာ ဟိုဒီလှုပ်​ရမ်း​နေ​သေး၏ .......

' ဗိုက်​ကလည်း ဆာလိုက်​တာ ... '

ဖေ​ဖေနှင့်​​မေ​မေကလည်း သူတို့မိတ်​​ဆွေတစ်​​ယောက်​ရဲ့ ဆိုင်​သစ်​ဖွင့်​ပွဲကို ကူညီလုပ်​ကိုင်​​ပေးဖို့သွားသဖြင့်​ အဆိုး​လေး တစ်​​ယောက်​ အိမ်​ထဲတွင်​တစ်​​ယောက်​တည်းပင်​ ရှိ​နေခြင်းဖြစ်​သည်​ ...

ပွင့်​လျှက်​ရှိ​နေ​သော TV screen ​ပေါ်မှ Oggy ကာတွန်းကား ကလည်း အထပ်​ထပ်​ကြည့်​ပြီးသူ Baekhyunee အဖို့ အထူးအဆန်းလုပ်​ပြီး စိတ်​ဝင်​စား ရယ်​​မောဖွယ်​ရာ မရှိ ......

' ငါ့မှာ အခြား ဘာကား​တွေ ရှိ​သေးလဲမသိ '

အ​ဖော်​မရှိသည့်​အတူတူ အခြား ကာတွန်း တစ်​ကား​လောက်​များ ဖွင့်​ကြည့်​​နေရင်​​ကောင်းမလားဟု ရှိသမျှ ကာတွန်း​ခွေ​တွေအကုန်​ပြန်​​မွှေ​နှောက်​ကြည့်​ပြန်​​တော့လဲ .......

' How To Train Your Dragon ?
လုပ်​စမ်းပါ .. ငါအဲ့ဒီဇာတ်​ကားကြည့်​ပြီးတာ 13 ​ခေါက်​​လောက်​ရှိပြီ ... အခြားဘာကား ​လေး​တွေရှိမလဲ ..'

CAT'S [ ​ကြောင့်​ဟာ ]  Z+ UWhere stories live. Discover now