CAT'S - 3

2.5K 350 67
                                    

CAT'S [ ​ကြောင့်​ဟာ 🐱 ]

မျက်​နှာ​လေး​အောက်​ကိုငုံ့ ဒူး​လေးကို​စေ့ပြီး လက်​နှစ်​ဖက်​ကို တင်းတင်းပိုက်​ကာ ထိုင်​​နေရတဲ့ အဆိုးအဆာ​လေး ဘတ်​ဟျွန်းနီ ရဲ့ အဖြစ်​က တကယ့်​သနားစရာ ........

ရှေ့တည့်​တည့်​ Sofa ​ပေါ်မှာထိုင်​ပြီးစိုက်​ကြည့်​​နေတဲ့ ​ဖေ​ဖေနဲ့​မေ​မေ တို့ရဲ့ မျက်​နှာ​တွေက တကယ်​အကြီးအကျယ်​ကြီး စိတ်​ဆိုး​နေသည့်​ပုံမို့ အဆိုး​လေးမှာ မဝံ့တဝံ့ မျက်​လုံး​လေး လှန်​လှန်​ကြည့်​​နေရသည်​ .........

' ​ဖေ​ဖေ့ ကို​ပြောစမ်း ဘတ်​ဟျွန်းနီ ..
အဲ့ဒီ မ​ကောင်းတဲ့ ​နေရာကို ဘာလို့သွားရတာလဲ .... အလိုလိုက်​ထားလို့ ဆိုးချင်​​နေပြီလား '

မေ​မေရိုက်တာထက်​ ​ဖေ​ဖေ​အော်​တာက ပို၍ဝမ်းနည်း​စေသည်​မှာ က​လေးတိုင်းအတွက်​ဖြစ်​၍ ဘတ်​ဟျွန်းနီ မျက်​ရည်​​တွေပင်​ဝဲလာရသည်​ ......

' သားက မလိုက်​ဘူး​လို့​ပြောတယ်​ .....
ဂျုံအင်​ ကမရဘူးတဲ့ .....
မလိုက်​ရင်​ သားကိုမ​ပေါင်း​တော့ဘူးတဲ့ '

တုန်​တုန်​ရီရီ အသံ​လေးနှင့်​ ပြို​တော့မည့်​မိုးလို မျက်​နှာ​လေးငယ်​​နေရှာ​သော အိစိ​လေး​ကြောင့်​ ​ဘေးမှ ထိုင်​ကြည့်​​နေ​သော Chanyeol မှာလည်းစိတ်​မ​ကောင်းဖြစ်​ရသည်​ ........

ဒါ​ပေမယ့်​လည်း​ပေါ့​နော်​ ....
ဒီလို ​နေရာမျိုးနဲ့ အိစိ​လေးကို နည်းနည်း​လေးမှ မအပ်​စပ်​​စေချင်​တဲ့အတွက်​ ကိုယ်​ကပဲ လူဆိုးကြီး ဝင်​လုပ်​ရမယ်​မလား ........

' ဂျုံအင်​ ​ခေါ်တိုင်းလိုက်​စရာလား ...
အဲ့လို ​နေရာဟာ သွားသင့်​တဲ့​နေရာလား မသွားသင့်​တဲ့ ​နေရာလားဆိုတာ ကိုယ့်​ဟာကိုယ်​ မဆုံးဖြတ်​နိုင်​ဘူးလား ဘတ်​ဟျွန်းနီ ....... '

' ဦး​လေးကြီး မ​ပြောနဲ့ ......
ဦး​လေးကြီး​ကြောင့်​ သား ဆူခံ​နေရတာ ... '

' လူကြီးက ဆုံးမ​နေတာ​ကို ပြန်​​အော်​စရာလား ဘတ်​ဟျွန်းနီ ...
ဖေ​ဖေမင်းကို ဒီတစ်​ပတ်​မုန့်​ဖိုး လုံးဝမ​ပေးဘူး
အဲ့ဒါမှ ကိုယ့်​အပြစ်​​တွေကိုယ်​ မသိ​သေးရင်​ တစ်​လလုံး မုန့်​ဖိုးဖြတ်​ခံရမယ်​မှတ်​ ..... '

CAT'S [ ​ကြောင့်​ဟာ ]  Z+ UWhere stories live. Discover now