"ဟဲ့ ..ဒါနဲ့ နင်တို့ သိပြီးလား ... ကောင်လေးက Doctor Tinh ရဲ့ ချစ်သူဆို ..."

"ဟုတ်မှာပေါ့ .. Doctor သနားပါတယ် .. သူ့ လက်ထဲတင် ဖြစ်တာတဲ့ .... ER ကို ရောက်တော့လည်း စိတ်လွတ်ပြီး အော်ဟစ်နေလို့ သူ့ကို ၀ိုင်းထိန်းကြရသေးတယ်တဲ့ .."

ဟက် ..ဆရာမတွေ ဆိုသည်မှာလည်း .. အတင်းပြောချင်ရင် လူကွယ်တဲ့အထိ စောင့်ဖို့တောင်  ယဉ်ကျေးမှုမရှိတာမို့ Tinh စိတ်အချဉ်ပေါက်သွားသည် 

ပုံမှန်ဆို ဒင်းတို့နောင်ကျဉ်အောင် စကားနဲ့ ပညာပါပါ နှိပ်ကွပ်ဦးမှာ ဆိုပေမယ့် လောလောဆယ်တော့ နောက်ကွယ်က အပြောအဆိုတွေကို .. ရင်ဆိုင်ဖြေရှင်းနေဖို့ အင်အားမရှိသေးလို့ Tinh မသိချင်ယောင်ပဲဆောင်ကာ ဓာတ်လှေကားထဲသို့ အမြန်ဝင်လိုက်သည် ...

အထဲကိုရောက်မှ တရိပ်ရိပ်ဆင်းနေတဲ့ နံပါတ်ခလုတ်တွေကို တွေတွေငေးရင်း ညက ER သို့ ရောက်ခါစ အချိန်က ဖြစ်ရပ်တွေ မတွေးချင်ပဲ ခေါင်းထဲ ရောက်လာပြန်သည် ..

Tol ကို လူနာတင်ယာဉ်ကနေ ER ထဲ ရွှေ့ပြီးတာနဲ့ တစ်မိနစ်ကို အကြိမ် ၂၀၀ နှုန်းနဲ့ ခုန်နေတဲ့ သူ့ရဲ့ နှလုံးကို ပုံမှန်ပြန်ထိန်းဖို့ .. နှလုံးရှော့ခ်ရိုက်စက်နဲ့ ညှိပြီး တစ်ကြိမ်  ကုသခဲ့ရသည် ...

ကုသမှုက အလုပ်ဖြစ်သွားပြီး Tol ရဲ့ နှလုံးခုန်နှုန်းက ပုံမှန်နီးပါး ပြန်ဖြစ်သွားခဲ့ပေမယ့် .. သေလုမျောပါး အခြေအနေနဲ့ ရင်ဆိုင်လိုက်ရတဲ့ သူ့ခန္ဓာကိုယ်ရဲ့ ပင်ပန်းမှုကြောင့် သတိပြန်မလည် လာရှာဘူး ..

အသက်ရှုစက် တပ်ပေးပြီးတဲ့နောက်တော့ နှလုံး Ward က အထူးကုတစ်ယောက် ဆင်းလာကြည့်ပေးဖို့ ကျနော် request လုပ်ထားလိုက်ပြီး ..CCUထဲ ပို့ဖို့ စောင့်နေခဲ့ရတယ် ...

အဲဒီအချိန် အတောအတွင်းမှာ ကြည့်နေရင်းနဲ့ ..Monitor ပေါ်က Tol ရဲ့ နှလုံးခုန်နှုန်း အတွန့်လေးဟာ ခပ်တန်းတန်း တစ်ခေါက် ဖြစ်သွားသေးတာမို့ စောစောကတင် စိတ်ဒုန်းဒုန်းချလိုက်ရတဲ့ ကျနော်ဟာ Tol ကို လက်လွှတ်လိုက်ရပြီ အထင်နဲ့ ... အော်ဟစ် သောင်းကျန်းမိသွားတာ ..

တခြားသူတွေအတွက်က သာမန်လူနာ တစ်ယောက်သာ ဆိုပေမေယ့် ကျနော့်အတွက်က တန်ဖိုးတွေ အများကြီး ပေးဆပ်လိုက်ရသလိုပဲ မဟုတ်လား ...

TRIAGE (Myanmar Translation)Where stories live. Discover now