*ရောက်ပြီဆိုလည်းကြိုအကြောင်းကြား
ပါလား ရေခဲတုံးကြီးရဲ့ *

"သခင်မလေးနဲ့အခု မိတ်ဆက်ပေးမယ့်
လူကလည်း ကျွန်တော်တို့လိုစွမ်းအားရှင်တစ်ယောက်
သူကတော့  ပိုက်ဆံယူပြီး ခိုင်းတာမှန်သမျှ
လုပ်ပေးနေတဲ့ကြေးစားဆိုပါတော့ "

"ကောင်းပြီလေ အဲ့ဒါဆိုလည်း ခပ်မြန်မြန်ပဲ လက်စသတ်ပြီး ပြန်ကြတာပေါ့ "
(နာကျင်သွားသော နာခေါင်းကိုပွတ်ရင်းပြော )

***********************

"Odasakuဆိုတာဘယ်သူလဲ "

ဒီလိုတွေပြောလာတော့ Dazai
တောင်ပါးစပ်အဟောင်းသားဖြစ်သွားတယ်

Chuuyaဟာ သူ့ကို လိမ်ပြောနေတာလား တကယ်ပဲ မေ့နေတာလား

"Chuuyaဒါနောက်စရာမဟုတ်ဘူးနော်
Odasaku လေ Odasaku ငါတစ်နေ့က
ပြောဖူးတဲ့ သူငယ်ချင်းအသစ်ဆိုတာလေ"

Chuuyaကမျက်လုံးလေးကလယ်ကလယ်နဲ့ သူ့ကို
နားမလည်သလို ကြည့်နေတာမလို့
အမျိုးအမည်မသိသော ဝမ်းနည်း
ခြင်းတွေနဲ့ ရင်ထဲဆို့နင့်လာတယ်
တစ်နေ့ညက သူသာChuuyaကို
ကလပ်မခေါ်ခဲ့ရင် ဒီလိုတွေဖြစ်လာမှာမဟုတ်ဘူး

*ငါထင်သလိုမဟုတ်ပဲ မင်း ခဏတာမေ့နေတာပဲဖြစ်ပါစေ *

"Chuuyaက တကယ်ဦးနှောက်မကောင်း
တာပဲ  ဟားဟား  ထားပါလေ ငါကပဲ
နောက်တစ်ခါ မိတ်ဆက်ပေးတာပေါ့"

သူအတတ်နိုင်ဆုံးစကားလွှဲရင်း ရင်ထဲက
မတင်မကျဖြစ်မှုတွေကို ဖျောက်ပစ်ဖို့
ကြိုးစားလိုက်သည် 
ထို့နောက် ဇဝေဇဝါဖြစ်နေသော မျက်နှာလေးကို သူ့လက်နှစ်ဖက်နဲ့ အုပ်ကာ ဖွဖွကိုင်လိုက်လေသည်

"Dazai မင်း …ရုတ်တရက်ကြီး ဘာလုပ်
ငါ့ကိုလွှတ်စမ်း ပါ "

"Chuuya ဒီအချိန်ကစပြီး ဘာတွေပဲ
ဖြစ်လာပါစေ လည်ပင်းက Choker ကို
လုံးဝမဖြုတ်မိစေနဲ့  ဒါExecutiveတစ်ယောက်အနေနဲ့ အမိန့်ပဲ "

"ငါ့ကိုအမိန့်မပေးစမ်းပါနဲ့ "

"ငါပြောတာ ဘယ်တုန်းကများ လွဲခဲ့ဖူးလို့
လဲ Chuuya"

"ကျွတ်  ငါမချွတ်ရင်ပြီးရောမလား "

"ကတိပေး "

You've reached the end of published parts.

⏰ Last updated: May 01, 2021 ⏰

Add this story to your Library to get notified about new parts!

Beginning of Double BlackWhere stories live. Discover now