Part-2

1.8K 204 11
                                    

My biggest mistake?
It wasn't falling for you ,

It was thinking that you had falling for me too.

တစ်​စုံတစ်​​ယောက်​က ကိုယ့်​ကိုချစ်​ပါတယ်​လို့ အတိအကျအ​သေအချာယူဆပစ်​လိုက်​ဖို့ ဘာ​တွေလိုအပ်​ပါသလဲ ...

ပထမဆုံး​တွေ့တဲ့​နေ့က hyung ​ပေး​ဆော့ခဲ့တဲ့ စူပါမန်းအရုပ်​​လေး​ကြောင့်​လား ?

ဒါမှမဟုတ်​​ကျောင်းဆင်းချိန်​တိုင်း အိမ်​မပြန်​ဘဲ ကားလမ်း​ဘေး ပလက်​​ဖောင်း​ပေါ်​ငုတ်​တုပ်​ ထိုင်​ရင်း သီချင်း​နား​ထောင်​ခဲ့ရတဲ့ နားကျပ်​တစ်​ဖက်​​ကြောင့်​လား?

ဒါမှမဟုတ်​ ကျွန်​​တော်​တို့လွယ်​အိတ်​​တွေမှာချိတ်​ထားဖြစ်​ခဲ့တဲ့ ဆင်​တူ keychain ​တွေ့​ကြောင့်​ ?

ဒါမှမဟုတ်​ရင်​ ....
ဒါမှမဟုတ်​​သေးရင်​ hyung ရဲ့အကြည့်​​နွေး​နွေး​တွေ​ကြောင့်​ ?

မျက်​နှာချင်းဆိုင်​ထမင်းဝိုင်း​တွေဟာ အရင်​လိုမချိုမြိန်​​တော့တာ ဆယ်​​ရက်​နီးပါးရှိပြီ ...

ဖွင့်​​ပြောမိလိုက်​တဲ့​နေ့ကတည်းကစပြီး​ပေါ့
မျက်​နှာမ​ကောင်းတဲ့ hyung ရယ်
အရင်​လိုသိပ်​မမြူးနိုင်​တဲ့ကျွန်​​တော်​ရယ်
သားနှစ်​​ယောက်​ကို မျက်​နှာရိပ်​မျက်​နှာကဲ ကြည့်​​နေရတဲ့​မေ​မေရယ်​ ။

ဖွင့်​​ပြောမိတာကို​နောင်​တမရ​ပေမယ့်​ ဒါမျိုးအ​ခြေအ​နေကြီးကို​တော့ Chanyeol မုန်းသည်​ ။

ချစ်​​နေတာကို​ပေးသိချင်​တဲ့စိတ်​ရယ်​ သူသာပွင့်​လင်းလိုက်​ရင်​ hyung ကလဲလက်​ကမ်း​ပေးမှာဘဲဆိုတဲ့ အ​တွေးမှား​တွေရယ်​ ။မချိပြုံးသာပြုံးမိရ​တော့သည်​။

မှန်းချက်​နဲ့နှမ်းထွက်​မကိုက်​သည့်​ပြင်​အ​ခြေအ​နေတွေက တစ်​ဖက်​​စောင်းနင်းဆိုးရွားသွားလိုက်​တာများ hyung က လက်​ထပ်​ပါမည်​ဟုဆိုကာ ဇနီး​လောင်းအိမ်​​ခေါ်လာသည်​အထိ။

မေ​မေက​တော့ တစ်​ခုခုဖြစ်​​နေမှန်း သိ​နေ​ပေမယ့်​ ဘာမှန်းမသိ​သေးတာဖြစ်​သည်​ ။ သူသာ hyung ကိုတခြားစိတ်​နဲ့ချစ်​​နေတယ်​ဆိုတာမျိုးသာသိရင်​ ​မေ​မေလဲသူ့အ​ပေါ်ခါးသီးသွား​လေမလား ?

November RainHikayelerin yaşadığı yer. Şimdi keşfedin