အဲ့တာ​ကြောင့်​..သူ့ဘာသူ လူဆိုးဂိုဏ်း​ခေါင်း​ဆောင်​မကလို့ဘာကြီးပဲဖြစ်​​နေပါ​စေ..
ကိုယ့်​ဘ၀ကိုယ့်​ဘာသာစီမံခွင့်​ရှိတာမို့..
သူငယ်​ချင်းကိုအပူကပ်​ကာ..
စာ​မေးပွဲပြီးတဲ့အထိပဲ​နေပါ့မယ်​ အကူအညီ​တောင်းပြီး..
ဒီ​နေ့ချက်​ချင်းပင်​..အိမ်​​ပြောင်းလာခဲ့ခြင်းသာ...။

အထုပ်​အပိုးနဲ့​ပြောင်း​ရွှေ့​နေလျှင်​ ဟိုလူရိပ်​မိသွားမှာမို့
ကျောင်းဆင်းတာနဲ့..အ၀တ်​တစ်​ထည်​ကိုယ်​တစ်​ခုနဲ့
လာခဲ့သည်​..။
Jin Hyuk အ၀တ်​အစား ​တွေလဲရှိတာမို့ ဒီကိစ္စကပူစရာမလို​..။

appa ကို​တော့ သူများအိမ်​မှာ ကပ်​မ​နေချင်​​တော့တဲ့အ​ကြောင်းကို..ဘယ်​လိုအခြင်းအရာ​တွေနဲ့များဆင်​​ခြေ​ပေးရမလဲလို့​ခေါင်းစား​နေရသည်​...။

တစ်​ခုခု ခိုင်​ခိုင်​မာမာreason ပြဖို့လိုအပ်​သည်​​လေ..။

အားလုံးအဆင်​​ပြေ​နေတဲ့အိမ်​က​နေ ထွက်​လာတာက
ဘလိုင်းကြီးဆိုရင်​ ..appa က ဘယ်​လိုမှလက်​မခံနိုင်​ဘူးမလား...။
အိမ်​ကြီးရှင်​သခင်​​လေးက သားကို rape လုပ်​လို့ထွက်​​ပြေးလာတာ appa​ရေ လို့​ပြောရ​အောင်​ကလဲ...။

"ဟင်း..! ရင်​​မောလိုက်​တာ.."

ပြီးခဲ့သည့်​ကာလတစ်​​လျှောက်​လုံးမှာ...ကျွန်​​တော့်​ကိုသူ့​ခေါင်း​ပေါ်တင်​ထားမတတ်​ ကြင်​နာယုယပြခဲ့သည့်​ Park Chan Yeolရဲ့ပုံရိပ်​​တွေအခုထိမျက်​လုံးထဲက မထွက်​နိုင်​​သေးလို.့.ကိုယ့်​ဟာကိုယ်​ အပြစ်​တင်​ရတာလဲအကြိမ်​ကြိမ်​အခါခါ..။

မင်းသား​ခေါင်း​ဆောင်းထားတဲ့ ဘီလူး​ကောင်​ကြီး..။

မုန်းတီးလွန်းလို့..။

ဒါ​ပေမယ့်​တစ်​ဖက်​မှာလဲ..ချစ်​လက်​စအခံကရှိ​နေသည်​..။

အင်း..သက်​ပြင်းအခါခါ ချပြီး အဲ့မျက်​နှာ​ချော​ချောကို
အ​တွေးထဲက ဖယ်​ခွာဖို့ကြိုးစား​ပေမယ့်​လဲ..မရ..။
တစ်​၀ဲလည်​လည်​ဖြစ်​​နေသည်​...။

အရမ်းလဲချစ်​တယ်​..အရမ်းလဲမုန်းတယ်​ဆိုတာမျိုး...။

"appa လာပြီထင်​တယ်​..​အေး​လေ..appa လက်​ခံ​အောင်​ တစ်​ခုခု​ပြောရမှာ​ပေါ့..fighting Byun Baek Hyun.."

Tyranny Ver.2 ( ဖိနှိပ်​ညှင်းပန်းခြင်း ) ( Zawgyi + Unicode )Where stories live. Discover now