" ဟာ...နီးနေပြီ ဦးက ကြယ်သီးမတပ်ရသေးဘူး! "

" ကလေးကို စောင့်နေတာ အဟိ~ "

ဆယ်ဟွန်း မျက်စောင်းထိုးကာ ဦးကို ကြယ်သီးတပ်ပေးနေတုန်း သမီးလေးရဲ့ အသံစူးစူးလေးလွှင့်ပျံလာတော့သည် ။

" Appa!!! မီးမီး ကို ဂါဝန်ရွေးပေး! "

" လာခဲ့မယ် သမီးလေး Daddy ကို အင်္ကျီဝတ်ပေးနေတယ်! "

" ခ်ခ်....Daddy ကဝတ်တက်ဘူးယား?? "

သမီးလေးနဲ့ စကားပြောနေတာကို အခွင့်ကောင်းယူပြီး ...ဦးရဲ့ လက်တွေက သူ့အင်္ကျီအောက်ထဲ ဝင်လာတာကြောင့် အတင်းဆွဲထုတ်နေရတယ်...
တကယ်မနိုင်ဘူး အဲ့လူကြီးကို!

သမီးလေးကို ဦးက သူ့Daddy အရင်းဆိုတာ ဖွင့်ပြောလိုက်တော့...အစကအံ့သြသလိုလေးဖြစ်နေပေမယ့် နောက်တော့လည်း ...
သူ့Daddy မှ သူ့Daddy ဖြစ်နေရော !

....

ယွန်းဂျူလည်း သူနဲ့ကွာရှင်းပြီး....နိုင်ငံခြားကိုအပြီးထွက်သွားတော့သည် ။ သမီးလေးနဲ့တော့ အမြဲဖုန်းပြောကြပေမယ့်....
ဆယ်ဟွန်းကတော့ ဦးစိတ်တိုကြီးကြောင့် မပြောရဲ....။

" Hyung သားလေးက....ဂျုံဒယ် Hyung နဲ့ပိုတူတယ်နော်! "

" Yar! အိုဆယ်ဟွန်း...မင်း သမီးလေးကရော မင်းဘိုးတော်နဲ့မှချွတ်စွတ်!!! "

မင်ဆော့နဲ့ ဂျုံဒယ်က လက်ထပ်ပြီးတော်တော်ကြာမှ...သားလေးတစ်ယောက်မွေးစားလိုက်သည် ။
ဆယ်ဟွန်းက သူ့အစ်ကိုမကြိုက်မှန်းသိလို့ စနေတာ...ကလေးလေးက ပါးဖောင်းဖောင်းလေးတွေနဲ့ မင်ဆော့နဲ့ ပိုတူတယ်...
....

" မင်းတို့ ရောက်တာကြာပြီလား...ငါတို့နောက်ကျသွားတယ်! "

ဂျုံအင်နဲ့ ဘတ်ခ်ဟျွန်းတို့အတွဲရောက်လာတော့မှ လူစုံသွားတော့သည် ။

" မင်းတို့က ဘယ်သဝေထိုးနေကြတာလဲ?? "

ချန်းယောလ်ရဲ့ အမေးကို...

ဂျုံအင်က မျက်နှာရှုံ့မဲ့ပြကာ...

" ဒီမှာလေ...ငါ့အသည်းလေး ကောက်နေလို့ မနည်းချော့ပြီး ခေါ်လာရတယ်! အာ့ အားး..
နာတယ် အသည်းရ! "

ဘတ်ခ်ဟျွန်း မျက်စောင်းထိုးကာ ဂျုံအင် ဗိုက်ကိုလိမ်ဆွဲတော့ ရှုံမဲ့ကာ အော်ဟစ်နေတော့သည် ။
တစ်ခန်းလုံးရယ်သံလေးတွေ လွှမ်းခြုံသွားတော့သည် ....
သမီးလေးကတော့ ....မင်ဆော့ သားလေးနားကကို မခွာ....

You've reached the end of published parts.

⏰ Last updated: Feb 24, 2023 ⏰

Add this story to your Library to get notified about new parts!

အတ္တစေညွှန်းရာ{ Completed }Where stories live. Discover now