အခန်း(၂) စစ်ပွဲဒီရေတို့ ပြန်တက်လာချိန်

10.6K 1.4K 68
                                    

အနှစ်ချုပ်: မှော်အစွမ်းအသုံးချနိုင်သော နဂါးတကောင်။

🐉🐉🐉🐉🐉🐉🐉🐉🐉🐉🐉🐉🐉🐉🐉🐉🐉

ခုနစ်ရက်မြောက်သောနေ့တွင်မူ ဖရူဝီသည် မတ်တပ်ထရပ်နိုင်လေပြီ။

ဒီအတောတွင်းတွေမှာတော့ ကျွန်တော် စကားတွေအများကြီး သူ့ကို ပြောပြခဲ့သည်။ ဥပမာဆိုရလျှင် အတိတ်ကအကြောင်းအရာများကိုပေါ့။ ကျွန်တော်ကို အရင်က ငွေကြေးအရမ်းချမ်းသာသူမဟုတ်ပေမယ့် ပိုးမွေးသလိုမွေးကာ ယုယထားခဲ့ကြကြောင်း သူ့ကို ပြောပြခဲ့သည်။ သို့သော်လည်း ထိုသို့ ပူပင်ကြောင့်ကြမဲ့သောဘဝသည် ခမည်းတော် နတ်ရွာစံပြီး နောက်တနေ့တွင်ပင် မိမိမှာ ဘုရင်တန်းဖြစ်လာ၍ ဆိုးဝါးကြမ်းတမ်းစွာ အဆုံးသတ်ခဲ့ရကြောင်း။ ကျွန်တော့်မှာ ဂရုစိုက်စရာ မယ်တော်ကြီး၊ ညီလေး၊ အန်နာ၊ အန်ဒီ၊ အန်တိုနီနှင့် မိမိတိုင်းပြည်တွင် နေထိုင်သူများသာ ရှိကြောင်း။ ရုတ်တရက်ချက်ချင်းဆိုသလိုပဲ လူအယောက်တသောင်းရဲ့တာဝန်တွေဟာ မိမိပခုံးပေါ်သို့ ရောက်လာကြောင်းများ ပြောမိနေလေသည်။

အရာရာဟာ ထိန်းချုပ်မှုအောက်မှာပဲလို့ ကျွန်တော်ဟန်ဆောင်နေခဲ့ပေမယ့် တကယ့်တကယ်တော့ ထိုသို့မဟုတ်ပါ။ တကယ်တော့ ကျွန်တော် အရမ်းကြောက်နေခဲ့ရတာပါ။ မော်ဂန်နဲ့ သူ့တပည့်တွေ ကျွန်တော်တို့တိုင်းပြည်ကို ဝင်လာပြီး တိုက်ကြခိုက်ကြ လုယက်ကြတဲ့အချိန်တွေဆို ကျွန်တော့်ရင်ထဲမှာ အရမ်းတင်းကြပ်ပြီး အသက်ရှုဖို့တောင် ခက်ခဲတဲ့အထိ လေးလေးနက်နက်ခံစားရတယ်။ ကျွန်တော့်ခေါင်းထဲမှာလည်း စိုးရိမ်ပူပန်မှု ဗျာပါဒတရားးတွေနဲ့ တောင်တွေးမြောက်တွေး အတွေးတွေပဲ ပြည့်နေတယ်။ ဒါပေမယ့် ကျွန်တော်အမြဲ တည်ငြိမ်တဲ့အသွင်ဆောင်ပြီး သူတို့မလာခင်ထဲက ပစ္စည်းတွေကို စုပြီး တခါတည်းပြင်ဆင်ပြီး စောင့်နေမိတယ်။ ကျွန်တော်ဟာ ကျွန်တော့်ပြည်သူတွေကို ငါတို့တနေ့မှာ ပိုကြံခိုင်လာရမယ်လို့ ကြေညာတဲ့အခါတိုင်းမှာလည်း အားလုံးထက်ပိုတည်ငြိမ်အေးဆေးတဲ့ပုံဖြစ်အောင် ထိန်းသိမ်းနေရတယ်။

ကျွန်တော် ဘယ်သူ့ကိုမှ ပြောမပြဘူးတဲ့ ကျွန်တော့်ရဲ့ကိုယ်ပိုင်အတွေးတွေအပါအဝင် အပေါ်ကပြောခဲ့တဲ့အကြောင်းတွေအားလုံး ဖရူဝီကို ပြောပြနေခဲ့မိတယ်။ ကျွန်တော့်စိတ်ထဲမှာ သူက ဘယ်သူ့ကိုမှ ပြန်ပြောမှာ မဟုတ်ဘူးလို့ ထင်တယ်လေ။ ဒါပြီးနောက်တချက်က သူ့မှာ ကျွန်တော်ကလွဲပြီး သူ့အနားနေပေးမယ့်လူ မရှိဘူးလေ။ အင်းးးး ဒီနဂါးကို ကြည့်ရတာ စကားသိပ်များများစားစား ပြောချင်တဲ့ဗီဇ ပါပုံမရဘူးပဲ။ ဒီ ၇ရက်လုံးမှာတောင် ပြောတဲ့စကားက သူဟာ အိုင်ကန်တိုက်ကလာတယ်ဆိုတာကို ထောက်ခံတဲ့ အင်း ဆိုတဲ့စကားလေးတလုံးပဲ ပြောတာ။

ရှင်ဘုရင်ငယ်နှင့် နဂါးကြီး (Myanmar Translation)Where stories live. Discover now