" မလိုက်ပါဘူး ဒီမှာ

ယွန်းနဲ့စကားပြောနေတာကိုး "

" ကိုကို   "

   ကောင်းကမပြောမဆိုနဲ့ ကျွန်တော့်လက်ကို
ယူကိုက်သည်။

" အားးး  နာလိုက်တာ  "

" အဲ့ဒါကြောင့်သားပြောတာပေါ့ ကိုကို..
သားသားက အရမ်းကြောက်ဖို့ကောင်းတယ်  "

   ယွန်းလေးကဝင်ပြောတော့
ကောင်းက ယွန်းကို စူးစိုက်ကြည့်နေသည်။
ယွန်းကြောက်ပြီး ချယ်ရီကိုယ့်ပေါ် တက်ထိုင်သည်

" အဟင့်...ဟင့်  "

   သူကပဲကိုက်သေး သူကပဲငိုနေသည်
လက်က သွားကိုက်ရာပါ ထင်သွားသည်။ 

" ဘာလို့ငိုနေတာလဲ မင်းကိုက်လို့နာသွားတာငါပါ  "

" ကိုကိုက သားခေါ်တာမှ မလိုက်တာ "

အားတစ်နာလည်းနာသွား စိတ်လည်းတိုသွားသည်။
ဒီလိုစိတ်မနှံတဲ့ကလေးနဲ့ ခဏလေးတောင်
အတူမနေချင်တော့ဘူး

" တော်ပြီဘာဖြစ်ဖြစ် ငါမင်းနဲ့မနေနိုင်တော့ဘူး  "

  အားတစ်နေရာကနေ ထွက်လာသည်

" ကိုကို....ကိုကို....အဟင့်....ဟင့်  "

🏡

" အဲ့တာနဲ့ အိမ်ပေါ်ကဆင်းလာတယ် ဟုတ်လား  "

  အိမ်ရောက်တော့ ဖေဖေနဲ့မေမေက
ကျွန်တော့်ပြန်လာတာကိုး  အံသြပြီး
ဘာဖြစ်နေလဲ မေးတော့ အကျိုးအကြောင်း
ပြောလိုက်သည်။

"  ဖေဖေကလဲ ကျွန်တော်လက်ကိုကြည့်ဦး
သူကိုက်ထားတာ  "

" ဟုတ်ပငါ့သားလေးကို ကိုက်ထားတာပဲ  "

မေမေတို့ကလက်ကဒဏ်ရာကို ကြည့်ကာ
ရယ်နေကျသည်

"ကျွန်တော့်ကိုက်ခံရတာကိုး
ဝမ်းသာနေကျတာလား "

  မေမေကကျွန်တော်လက်ကိုဆေးလိမ်းပေးရင်း

" သားလေးက တစ်ဦးတည်းသောသား
ဟိုကလေးကလဲ သူအိမ်ရဲ့ဗိုလ်
နှစ်ယောက်သားနဲ့ ခက်တာပဲ  "

" သားလေးက ကျန်းမာရေးမကောင်းတဲ့ကလေးနဲ့ပြိုင်ဖြစ်လာရတယ်လို့ ဖေဖေတော့ သခင်ကြီးကို ဘယ်လိုမျက်နှာပြရမလဲ  "

" မသိဘူး ကျွန်တော့်အဲ့အိမ်မပြန်တော့ဘူး
မနေ့ညကလဲ မအိပ်ရဘူး  "

   ကျွန်တော့်စကားကြောင့်ဖေဖေနဲ့မေမေ
တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ပြီး
ရယ်နေသည်။

" ဘာလို့ရယ်နေတာလဲ ဖေဖေထင်သလို မဟုတ်ဘူးနော် ကျွန်တော့်မခံလာရဘူး ကျွန်တော့်ပြောတာ
သူအရမ်း ကျီကျတာပဲလို့ ပြောတာ  "

" ဟားဟား သားလေးကလဲ ဖေဖေတို့ဘာမှမထင်ပါဘူး အိမ်ပြန်ရအောင် ဖေဖေလိုက်ပို့မယ်  "

" မပြန်ဘူး...မပြန်ဘူး  "

   သားလေး သူအခန်းထဲပြေးဝင်သွားသည်။
ခက်လှချည်ရဲ့ ဖုန်းလာလို့ နံပတ်ကြည့်လိုက်တော့ သခင်ကြီး ဖုန်းဖြစ်နေသည်  ဦးခွန်ဆို ဘယ်လိုလုပ်ရမလဲ မသိဖြစ်နေသည်။ 

သခင်ရဲ့ကိုကိုWhere stories live. Discover now