ငေးကြည့်နေရုံနှင့်ကျေနပ်နေခဲ့သည့်သူ့ဘဝက နောင်တစ်ချိန်ငေးကြည့်ခွင့်တောင် မရနိုင်တော့မှန်း သိသည့်အချိန် ကောင်းကင်အပေါ်ထားသည့်သူ့ရဲ့အချစ်တွေက နယ်ကျွံနေခဲ့ပြီ။ချစ်ရသူ ပျော်ရွှင်ဖို့အတွက် နောက်ဆုတ်ပေးရန်အတွက်လည်း သူ့တွင် စွန့်လွှတ်ပေးကမ်းတတ်သည့် အထုံပါရမီက ထင်သလောက်မရင့်သန်ခဲ့။
ရှေ့ဆက်ဖို့လည်း မဖြစ်နိုင်သလို နောက်ဆုတ်ဖို့လည်း မကြိုးစားလိုသည့်သူက နောက်ဆုံးတော့လည်း ကောင်းကင်၏ ရွေးချယ်မှုကိုသာ နောက်ဆုံးမျှော်လင့်ချက်ရောင်ခြည်အဖြစ် စောင့်စားနေမိသည်။ကောင်းကင်ရဲ့ ဆုံးဖြတ်ချက် မမှားစေဖို့သာဆုတောင်းရင်း..........။
>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>
မနေ့ကခေါ်သည်ကို မလာသည့်အတွက်ရွှေစိတ်တော်ညိုနေမည်ကိုသိသည်ကြောင့် ချော့ဖို့ရန်အတွက် ကောင်းကင်တို့အိမ်ဘက်လို့လာရခြင်း။ကောင်းကင်တို့ အိမ်ရောက်တော့ ဆင်ဝင်အောက်တွင်ရပ်ထားသည့် ရင်းနှီးနေသောကားကြောင့် မျက်မှောင်ကြုပ်မိသည်။
သူအိမ်ထဲဝင်လိုက်တော့ ဧည့်ခန်းတွင်စကားပြောနေသည့် အန်တီကြည်ပြာနှင့် မမခြယ်ကိုတွေ့ရသည်။
"သြော်..ကာကာ၊ကောင်းကင်ဆီလာတာလား"
"ဟုတ်..အန်တီ၊ သူအိမ်မှာရှိလား"
အရင်ကဆို မမခြယ်အိမ်ကိုလာသည်နှင့်ပျာယာခတ်ကာ မိဘတွေထက်ပင်ဧည့်ဝတ်ကျေနေတတ်သည့် ကောင်းကင်ကို အခု မမခြယ်ဘေးနားတွင်မတွေ့ရ၍မေးမိခြင်း။
"ရှိတယ်သားရေ ၊မင်းသူငယ်ချင်းက နေမကောင်းလို့ အပေါ်မှာအိပ်နေတယ်"
မနေ့ညနေကအထိ သူအမြင်ကပ်လောက်အောင် တက်ကြွလွန်းမကတက်ကြွနေသည့် လူက အခု ရုတ်တရတ်ကြီးနေမကောင်းဖြစ်သည်ဆိုတာကတော့ မယုံချင်စရာပင်။မနေ့ညကတောင် သူ့ကိုဆိုင်ထိုင်ဖို့ခေါ်နေသေးသည်မဟုတ်လား။
"ဟုတ်...အဲ့ဒါဆို ကျွန်တော်ခဏတက်ကြည့်လိုက်ဦးမယ်"
YOU ARE READING
ချစ်ခြင်းတရားဖြင့်လင်းလက်စေ
Romance-ငေးကြည့်နေရုံနှင့်ကျေနပ်နေခဲ့သည့်သူ့ဘဝက နောင်တစ်ချိန်ငေးကြည့်ခွင့်တောင် မရနိုင်တော့မှန်း သိသည့်အချိန်မှာ ထိုသူ့အပေါ်ထားသည့် သူ့ရဲ့အချစ်တွေက နယ်ကျွံနေခဲ့ပြီ။ -ငေးကြည့်နေရုံနှင့်ကျေနပ်နေခဲ့သည့်သူ့ဘဝက နောင်တစ်ချိန်ငေးကြည့်ခွင့်တောင် မရနိုင်တော့မှန်...
အခန်း(၂)
Start from the beginning