Fight - 14

1.7K 221 62
                                    

" ကိုကို​ရေ!!!! "

အိမ်​ထဲကို​ပြေးဝင်​လာတဲ့ဆယ်​ဟွန်း။

" ​ဟော......သားငယ်​​လေး​ရောက်​လာပြီ......
မနက်​စာ​ရောစားခဲ့ပြီလား........ "

မီးဖိုခန်းထဲကအ​ပြေးထွက်​လာကာ
မေး​နေတဲ့မားမား.........

" ဟုတ်​ကဲ့........စားပြီးပြီ......မားမားသား​ရော....
အခုထိအိပ်​ပုတ်​ကြီး​နေတုန်းပဲလား........ "

ကိုကို့ကိုမ​တွေ့သည်​မို့​မေးမိသည်​။
ဒီ​နေ့ဖုန်းဆက်​ပြီးလည်းမနှိုးဘူး....ငုံးဥကြီး.....

" သားကိုကိုက မားမားခိုင်းလို့ဘူဆန်​က
ဖွားဖွားတို့ဆီသွားတယ်​ကွယ့်​........ "

ဆယ်​ဟွန်းလက်​ကိုဆွဲကာဧည့်​ခန်းက
ဆိုဖာ​ပေါ့ထိုင်​ခိုင်းတဲ့မားမား။

" ဟမ်​.......သားကိုလည်းဘာမှမ​ပြောသွားဘူး "

" ဟုတ်​တယ်​......မားမားကအ​စောကြီးသွားခိုင်း
လိုက်​လို့ သားအိပ်​​ရေးပျက်​မှာစိုးလို့ဖုန်းမဆက်
တော့ဘူး.....မားမာကပဲ​သေချာ​ပြောပြ​ပေးပါ.....
သူ့ရဲ့​ကောက်​​တေး​လေးစိတ်​​ကောက်​မှာစိုးလို့တဲ့​..... "

နှုတ်​ခမ်းကြီးဆူ​နေတဲ့ဆယ်​ဟွန်းကို
မားမားက​သေချာ​ချော့​နေ​တော့သည်​။

" အဲ့ဒါဆို သားသွား​တော့မယ်​ မားမား......
အတန်းရှိ​သေးတာ​နောက်​ကျ​နေမှာစိုးလို့...... "

" အင်း......taxi ပဲစီးသွား​နော်​သားငယ်​​လေး.....
တစ်​​ယောက်​တည်း Bus ကားမစီးနဲ့​နော်​...... "

" ဟုတ်​ကဲ့ မားမား......ချစ်​တယ်​...... "

မားမားကိုနှုတ်​ဆက်​လို့ဆယ်​ဟွန်းတစ်​​ယောက်
စိတ်​ပျက်​လက်​ပျက်​နှင့်​ထွက်​လာ​တော့သည်​။

ငုံးဥကိုကို.....တစ်​​နေ့လုံးလွမ်း​နေရ​တော့မှာပဲ။

ခေါင်းငိုက်​စိုက်​ငိုက်​စိုက်​နှင့်​​ကျောင်းဝင်းထဲ
ဝင်​လာတဲ့ဆယ်​ဟွန်း........

ချန်း​ယောလ်​​လေးကိုမတရားလွမ်း​နေရှာသည်​။
မ​တွေ့ရတာတစ်​မနက်​ရှိပြီမဟုတ်​လား။

LOVE FIGHT [ ChanHun OTP ]Where stories live. Discover now