ဆန္ဒတစ်ခု

3K 246 11
                                    

Warning: ယခုအပိုင်းအား rateအရေးသား မဖတ်သောသူများ ကျော်သွားဖို့ ပြောချင်ပါတယ်၊ အသက်မပြည့်ရင်မဖတ်နဲ့လို့လည်း သတိမပေးတော့ဘူး။ ဖတ်မဖတ် ကိုယ်မှမသိရတာကို😁😁။

ထပ်ပြောမယ် rateစာပေမဖတ်သူများ ကျော်သွားပါနော်။ နောက်တစ်ပိုင်းက နည်းနည်း နည်းနည်းပေါ့

--------------------------

ဆေးအစွမ်းက ခုမှပြလို့နေ၏။ သေစမ်း … သူ့အမေရင်းက သူ့အပေါ်ခုလိုလုပ်ရက်တယ်။

သူ့အမေက သူ့ကိုအိမ်ထောင်ပြုစေချင်နေပေမယ့် သူကတော့အမြဲငြင်းဆန် နေမြဲပင်။ လွန်ခဲ့တဲ့ရက်အနည်းငယ်က သူ့အမေက သူမနှင့်အတူ လက်ဖက်ရည်တူတူသောက်ဖို့ သူ့ကိုဖိတ်ခေါ်ခဲ့သည်။ သူ့အမေနှင့်လက်ဖက်ရည်အတူ သောက်ပြီးတိုင်း သူ့ခန္ဓာကိုယ်ကပူလာကာ တစ်မျိုးတစ်ဖုံ ခံစားနေရသည်။

နဂါးမျိုးနွယ်တွေအတွက် ထိမ်းမြားခြင်းဥပဒေသအရ တစ်စုံတစ်ဦးကိုနမ်းရုံမျှဖြင့် ထိုသူနှင့်က လက်ဆက်ပြီးသားဖြစ်သည်။ ဒါကြောင့် သူ့ရဲ့အခြေနေအရ အထက်ဘုံမှထွက်ပြေးလာကာ ဘယ်သူမှမရှိတဲ့ ဒီတောနက်ကြီးထဲကို လာရောက်ပုန်းခိုနေခြင်းပင်။

အောက်ဘုံမှာ သူပုန်းခိုနေခဲ့တာကြောင့်လည်း သူ့လူများကသူ့ကို ရှာမတွေ့တာပင်။ သို့ပေမယ့် ဆေးရဲ့သက်ရောက်မှုအစွမ်းကတော့ ခံစားနေရသေးသည်။

ဆေးရဲ့အစွမ်းက ဒီလောက်ထိပြင်းထန်နေလိမ့်မည်ဟု သူမထင်ခဲ့ပေ။ တောထဲမှာ သူပုန်းနေခဲ့တာ နှစ်ရက်ရှိနေပြီဖြစ်ပေမယ့် ဆေးအစွမ်းက ကျမသွားခဲ့ချေ။

တောထဲကမြစ်တွင်း ဆင်းသွားကာ ရေစိမ်နေလိုက်ချင်ပေမယ့် ထိုကဲ့သို့ပြုမူလိုက်တာက သူ့ရဲ့ရာဇဣနြေ္ဒကို ထိခိုက်စေသည်။ မြင့်မြတ်တဲ့နဂါးမျိုးနွယ်ရဲ့ မင်းသားတစ်ပါးက ဘယ်လိုလုပ် အောက်ဘုံကမြစ်ရေထဲမှာ ရေစိမ်နေရမည်နည်း။ အထက်ဘုံက တစ်ယောက်ယောက်သာ သူ့အဖြစ်ကိုသိသွားရင် ဟားတိုက်ကာ ရယ်မောနေကြလိမ့်မည်။

သူအရှုံးပေးတယ်၊ ဒါပေမဲ့လည်း အောက်ဘုံက ညစ်ညမ်းတဲ့ထိုမြစ်ရေထဲ ဆင်းစိမ်နေဖို့ကိုတော့ တွန့်ဆုတ်နေမိပြန်သည်။ ဒါပေမဲ့ သူ့ခန္ဓာကိုယ်က ခံစားရမှုတို့က ပိုတိုးလို့လာသည်။

နဂါးမင်းသားလေး ချစ်မြတ်နိုးရသော ဇနီး(ဘာသာပြန်)Onde as histórias ganham vida. Descobre agora