Aqua - 2

1 0 0
                                    

          Aqua .. ကျွန်​​တော်​ ခင်​ဗျားကို ​မေ့လိုက်​ပြီ
အရင်​လို ​ကော်​ဖီခါးခါး​တွေ မြင်​ရုံနဲ့ သတိမရ​တော့ဘူး။ မဟုတ်​ဘူး၊ သတိမရချင်​​ယောင်​​ဆောင်​​နေတာ။ ဘယ်​လို​ပြော​ပြော ကျွန်​​တော့်​ ဒဏ်​ရာ​တွေက​တော့ သက်​သာ​နေပါပြီ။

       အနာ​ပေါ် တုတ်​ကျ​လေခြင်း​ပေါ့ Aqua ရယ်​ .....
Aqua နဲ့ မ​မျှော်​လင့်​ဘဲ ပြန်​​တွေ့ရပြန်​တယ်​။ အရင်​လိုပဲ ခင်​ဗျားက လှ​နေတုန်း။ ​ဩော်​.. ခင်​ဗျား ချစ်​​သူ​လေးကလည်း သိပ်​လှ​နေပါ​ရောလား။ Aqua ကျွန်​​တော့်​ကို ပြုံးပြ​တယ်​ ... ဘာမှမဖြစ်​ခဲ့သလိုမျိုး။ ကျွန်​​တော်​လည်း ပြုံးပြမိတယ်​ မနာကျင်​ခဲ့သလို ...။ ခင်​ဗျားကို ကိုင်​ဆွဲထားတဲ့ လက်​တစ်​စုံရဲ့ပိုင်​ရှင်​က ကျွန်​​တော်​ မဟုတ်​​တော့​ပေမယ့်​ ကျွန်​​တော်​က ဖမ်းဆွဲထားချင်​​နေတုန်းပဲ။ ​မေ့​ပျောက်​ထားတဲ့ အတိတ်​​တွေပြန်​မြင်​​ယောင်​ရင်​ ဘယ်​လိုခံစားရမယ်​ထင်​လဲ Aqua... ဒီကလူက " ကိုယ်​ မင်းကိုချစ်​တယ်​ " ဆိုတာကစလို့ " လမ်းခွဲရ​အောင်​ " ဆိုတဲ့ စကား​တွေကို အတိအကျမှတ်​မိ​နေတဲ့အခါ...။ အချို့ conversation ​တွေက ဖျက်​လိုက်​​ပေမယ့်​ ဦး​နှောက်​က ​မေ့ခွင့်​မ​ပေးခဲ့ပါဘူး။
" ​စော​စောအိပ်​ " ဆိုပြီးစိတ်​ပူ​ပေး​နေကျ Aqua က မျက်​ကွင်း​နေမည်းနက်​​နေတဲ့ ကျွန်​​တော့်​ကို အခု​ကော စိတ်​မ​ပေူ​တော့ဘူးလား၊ အင်း​လေ.. ကျွန်​​တော်​တို့က ဘာမှမသက်​ဆိုင်​​တော့တာ။ ကျွန်​​တော်​တို့ အတိုင်းအတာတစ်​ခုထိ နီးခဲ့ကြတယ်​... ခု​တော့လည်း အားလုံးဟာ အတိတ်​ပါပဲ Aqua ရယ်​ .. 
အတိတ်​က အမည်​တစ်​ခုကိုကြားရုံနဲ့ ဒီလူက ပြုံး​လေ့ရှိတယ်​ဗျ
ကျွန်​​တော်​က ခင်​ဗျားနဲ့မှမဟုတ်​ရင်​ ဆိုပြီး ​ပြောချင်​​သေး​ပေမယ့်​ နား​ထောင်​​ပေးမယ့်​ ခင်​ဗျားက အ​ဝေး​ရောက်​ ...။

You've reached the end of published parts.

⏰ Last updated: May 27, 2019 ⏰

Add this story to your Library to get notified about new parts!

Aqua Where stories live. Discover now