အခန်း(၁၈)- Sweet

Start from the beginning
                                    

"ရှိုင်းလေး မင်းစက်နဲ့နေ့ခင်းတုန်းကတွေ့သေးလား"

ခုံပေါ်မှ သူ့ရဲ့မီးခိုးရောင်လွယ်အိတ်လေးအားကောက်လွယ်လိုက်လျက် ရှိုင်းဇေယံကပြန်ဖြေလာခဲ့သည်။
"တွေ့တယ်လေ ပြီးတော့မကြာဘူး ဌာနကနေထွက်သွားတာပဲ"

မင်းခန့်ထည်လည်း ရှိုင်းပြန်ဖြေလာတာကိုခေါင်းညိမ့်ကာနားထောင်လိုက်ပြီးနောက် ရှိုင်းရဲ့လွယ်အိတ်လေးအား ဆွဲလုလိုက်လေသည်။လက်ထဲကနေလွတ်သွားတဲ့ကျောပိုးအိတ်လေးကိုကြည့်ပြီးရှိုင်းနဲနဲကြောင်တက်သွားရသည်။

"ဘာဖြစ်လို့လဲ!"

"လွယ်ချင်လို့"

ဟုဆိုလာပြီးနောက် လွယ်အိတ်၂လုံးကိုကိုင်လျက်ရှေ့မှ အရင်ထွက်သွားသော တစ်ယောက်သောသူရဲ့ကျောပြင်လေးကို ငေးကြည့်နေရင်း ရှိုင်းဇေယံရဲ့မျက်နှာထက်တွင် အပြုံးရိပ်တို့တရိပ်ရိပ်တက်လာခဲ့ရပေမယ့် သူ့ရဲ့နက်ရှိုင်းရှိုင်းရင်ထဲတစ်နေရာတွင်တော့ မပြုံးနိုင်ခဲ့ပေ။

အဘယ်ကြောင့်ဆိုသော် သူ ထိုလူသားနဲ့ဝေးဝေးနေဖို့ကြိုးစားလေလေ တိတ်တခိုးချစ်ရသူနဲ့ နီးနီးကပ်ကပ်နေမိလေလေမို့ သူ့ရဲ့စိတ်တို့ကမအေးချမ်းနိုင်ဖြစ်နေရကာ သောကလှိုင်းတချို့က ရင်ထဲ၌ခိုအောင်းလို့နေပေသည်။

"ရှိုင်းလေး လာလေ"

ဌာနအပေါက်ဝနား၌ရပ်ကာလှမ်းခေါ်လာတဲ့မင်းခန့်ထည်ရဲ့ထိုအသံကြားမှပဲ ရှိုင်းဇေယံတစ်ယောက် အဆုံးမရှိကျယ်ပြောစွာသောသူ၏အတွေးပင်လယ်ကို ရပ်တန့်လိုက်ကာ မင်းခန့်ထည်နောက်သို့အပြေးလိုက်သွားတော့လေသည်။

မင်းခန့်ထည်နဲ့ရှိုင်းဇေယံတို့နှစ်ယောက်သား အဆောင်ဆီသို့ပေါက်သော မြေသားဖြူဖြူလမ်းလေးအတိုင်း အတူတကွ လျှောက်လှမ်းလာကြရင်း နှစ်ဦးသားရဲ့ပုခုံးနှစ်သွယ်တို့က ထိတိုက်လုမတတ်အနီးကပ်ဆုံးလျှောက်လှမ်းနေမိကြသည်။ညနေလေရူးသုန်သုန်တို့က နှစ်ဦးသားဆီသို့အပြေးရိုက်ခတ်လျက်။
ပုဇွန်ဆီရောင်နေမင်းကြီးကတော့ အနောက်ဘက်အရပ်ဆီကနေ ထိုလူသားလေး၂ဦးအား ပြုံးရွှင်စွာဖြင့် စီးကြိုနေရှာလေသည်။

HE=MY FIRST LOVE [ကိုယ့်အချစ်ဦး ](Completed)Where stories live. Discover now