''ကဲ အခု Daddyလည်း သွားပြီဆိုတော့ ကိုယ်လည်း ဟယ်မီတို့ဆီ ဒိုးမယ်ကွာ.."

ကားသော့ဆွဲပြီးထွက်သွားတဲ့နောက် ခမ်းနားလှတဲ့ အိမ်ကြီးဟာ ခြောက်ကပ်သွားပါရဲ့...

        °•••••••••••••••••••••••••••°

ဂယောင်ဆူး ချိန်းထားတဲ့ နေရာရောက်တော့ ဆိုင်ရဲ့ထောင့်ကျကျစားပွဲမှာထိုင်ပြီး သူ့ကိုလက်လှမ်းပြနေတဲ့ မီယာ...

''မီယာမ ရောက်နေတာကြာပြီလား? ဆောရီးဟာ ငါနည်းနည်းနောက်ကျသွားတယ် သည်းငယ်က ရစ်နေတာမို့..''

''အမလေး သည်းငယ် သည်းငယ်နဲ့ ပါးစပ်ဖျားကကို မချဘူး မုန်းချင်စရာလေးပါဟယ်.."

မီယာက စနောက်ပြောတော့ နှစ်ယောက်လုံးသဘောတကျရယ်မိကြသည်

''ကဲ နင့်ရဲ့ သည်းငယ်ပုံလေးလင်းပါဦး "

''ပြမယ် ဒါမဲ့ နင်ကတိတော့ပေးရမယ်နော် ငါ့သည်းငယ်ပုံကြည့်ပြီး မပစ်မှားရဘူး ''

'' ပြမှာသာပြစမ်းပါ ဂယောင်ဆူးရယ်.."

I phone အမဲရောင်လေးကိုထုတ်ပြီး photoထဲဝင်ပြီး မီယာ့ကိုပေးလိုက်တယ်...

'' ဝိုး ဝိုး အိုးမိုင် bias!!!"

"ဟ! Oh my godမဟုတ်ဖူးလား "

''နိုးပါသားရယ် ကိုယ်တွေက biasပဲ တ.ပါတယ်...ဟယ် နင့်သည်းငယ်ကလည်း ကြီးတာဟယ်..နင်နဲ့ရော အဆင်ပြေရဲ့လား"

မီယာရဲ့ ခပ်ကျယ်ကျယ်ဝေဖန်သံကြောင့် ဘေးဝိုင်းက လူတွေက ကွက်ကြည့်ကွက်ကြည့်နဲ့...

"ဟဲ့ တိုးတိုးပြောပါ မီယာရယ်...ပြီးတော့ လူကောင်ဆိုတာလေး ထည့်ပြောပါဟဲ့ နင့်စကားကြောင့် ပတ်ဝန်းကျင်က လူတွေကြည့်နေကြပြီ.."

ဂယောင်ဆူးပြောလိုက်တော့မှ မီယာက စပ်ဖြဲဖြဲလုပ်ပြီး  ဖုန်းပြန်ပေးသည်..

''ဘယ်လိုလဲ ငါနဲ့လိုက်ရဲ့လား?''

''အင်း လိုက်တာက လိုက်ပေမယ့် နင်က ရှူးဂါးဒယ်ဒီဆိုတော့ ဒီကိစ္စက နက်နဲသွားပြီ...ရှူးဂါးဒယ်ဒီတွေက အပေါ်မှာနေရတာဟ..ဒါမဲ့ နင့်သည်းငယ်နဲ့နင်နဲ့က စောင်ဆန်းကြီး...အုတ်ခဲကများ ရှူးဂါးဒယ်ဒီတဲ့ ဟားဟား ဂယောင်ဆူးရယ်..ဖြစ်မှဖြစ်ရတယ်..ဟားဟား''

𝚂𝚞𝚐𝚊𝚛𝙳𝚊𝚍𝚍𝚢(𝙲𝙷𝙰𝙽𝚂𝙾𝙾)Where stories live. Discover now