ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်တော့မယ်1

29 2 0
                                    

"ဒါလေးဖတ်ပြီးမှ အလုပ်လျှောက်ကြည့်ပါ"
🔸🔸🔸🔸🔸🔸🔸🔸🔸🔸
အပိုင်း (၁)
ရေးသားသူ - ဆရာအောင်ဖြိုးလတ်
ဖတ်ချိန် - 3 မိနစ်

(မှတ်ချက်။ ။လုပ်ငန်းခွင်ဝင်ရောက်ရန် အလုပ်လျှောက်ဖို့ ပြင်ဆင်နေကြတဲ့ Junior ညီငယ်၊ ညီမငယ်များအတွက် ဆောင်ရန် ရှောင်ရန်များကို အကြုံပြု တင်ဆက်ပေးခြင်းဖြစ်ပါတယ်။
3မိနစ်ကြာပေးလိုက်ရမယ့် သင့်ရဲ့အချိန်တစ်ခုအတွက် အကျိုးရှိတဲ့ အကြံဥာဏ်ကောင်းတစ်ခုခု ရရှိသွားလိမ့်မယ်လို့ ယုံကြည်ပါတယ်။ (6.12.2017)ရက်နေ့ထုတ် အခွင့်အလမ်းဂျာနယ်တွင်လည်း ဖော်ပြခဲ့ပြီး ဖြစ်ပါတယ်။)

🔽🔽🔽🔽🔽🔽🔽🔽🔽🔽🔽🔽🔽🔽🔽

အလုပ်လျှောက်သူများ၏ အားနည်းချက်အမှားများ အပိုင်း(၁)
❀  ❀ ❀ ❀ ❀ ❀ ❀ ❀ ❀ ❀ ❀ ❀ ❀❀ ❀ ❀ 

စာရေးသူ၏ Recruitment Servicesလုပ်သက် ဆယ်နှစ်ကျော်အတွင်းမှာ အလုပ်လျှောက်သူ Applicantsများရဲ့ ထင်မှတ်မထားတဲ့အမှားတွေ (သို့မဟုတ်) အားနည်းချက်တွေကို တော်တော်များများ သတိထားမိပါတယ်။ ထိုအမှားများ၊ အားနည်းချက်များကို အလုပ်ရှာဖွေသူများ သတိထား ပြင်ဆင်နိုင်စေရန်နှင့် ဗဟုသုတရရှိစေရန်အလို့ငှါ တင်ပြသွားမှာ ဖြစ်တဲ့အတွက် မည်သူတစ်ဦးတစ်ယောက်ကိုမျှ ရည်ရွယ်၍ ထိခိုက်နစ်နာစေလိုခြင်း အလျင်းမရှိပါကြောင်း ဦးစွာပထမ တင်ပြလိုပါတယ်။

➳ အားနည်းချက် နံပါတ်(၁)။ ။ "အလုပ်တစ်ခုကို ရမ်းလျှောက်ခြင်း"
ပထမဆုံးကြုံတွေ့ရတဲ့ အလုပ်လျှောက်သူ(Applicant)များရဲ့ အမှားကတော့ ရမ်းလျှောက်ခြင်းပဲဖြစ်ပါတယ်...

ကုမ္ပဏီတစ်ခုခုရဲ့အလုပ်ခေါ်စာတွေ့တာနဲ့ ထိုကုမ္ပဏီရဲ့ Background Information (လုပ်ငန်းအမျိုးအစား၊ MNCလား၊ JVလား၊ Localလား) ဆိုတာ သိရှိအောင် ကြိုးစားသင့်ပါတယ်။ (မှတ်ချက်။ ။Company Background Informationဟာ မိမိရဲ့ Career Developmentကိုများစွာ အကျိုးသက်ရောက်မှု ရှိနိုင်တဲ့အတွက် အလုပ်မလျှောက်မီ စုံစမ်းမေးမြန်းဖို့ အင်မတန် အရေးကြီးလှပါတယ်) အကယ်၍ မိမိမနှစ်သက်တဲ့ လုပ်ငန်းမျိုး ဖြစ်နေပါကလည်း တစ်ခါတည်း ရှောင်ရှားနိုင်တဲ့အတွက် အချိန်ကုန်ငွေကုန် လူပင်ပန်း သက်သာနိုင်ပါတယ်။

Sharing Is Caring....Where stories live. Discover now