🐖 Episode ㅡ 7 🐋

Start from the beginning
                                    

÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷

Joy တစ်ယောက် သူ့ အစ်ကို Seulgi ရဲ့ ကော်ဖီဆိုင်ကို ခဏ ပိတ်ခိုင်းဖို့ ဖုန်းနဲ့ လှမ်း ပြောပြီးတာနဲ့ လိုအပ်တဲ့သူတွေကို ခေါ်ပြီး ပြင်ဆင်နေလိုက်တာ နည်းနည်း ကြာတော့ ထိုင်းကောင် ကို မယုံတာနဲ့ ဆိုင်ဘက်ကို ပြန် ပြေးလာရလေတယ်။ ဆိုင်နား မရောက်ခင် ခပ် လှမ်းလှမ်းရောက်တော့ lisa ကို ချောင်း ခိုင်းထားတဲ့ ပန်းခုံနား အရင် check လိုက်တော့ သူ ထင်တဲ့ အတိုင်းပါပဲ noona Fany ကို မချောင်းပဲ နိုင်ငံခြားသူလေးတွေနဲ့ စကားရပ်ပြောနေတဲ့ ကိုလေဆာပင်။ သူလည်း ယောကျာ်းလေးဖြစ်တဲ့ သူတောင် အဲ့လောက် မဘူးနိုင်တာကို ဒီ ထိုင်းကောင် က တစ်နေ့ တစ်မျိုး မရိုးအောင် ဘူးနိုင်လို့ ဘုရားစူး တကယ်ကို အံ့သြမိပါတယ်။ " Gshhh " Joy လည်း တစ်ချက် ငြီးတွားကာ lisa ကို ဆုံးမ မလို့ သွားနေစဉ် ကော်ဖီဆိုင်ထဲက ပြေးထွက်လာတဲ့ အရိပ်ကြောင့် ကြည့်လိုက်တော့ Fany noona ရဲ့ ချစ်သူဆိုသော အမျိုးသမီး ပြေးထွက်လာတာ ဖြစ်ပြီး သူ မမြင်ဖူးတဲ့ ကား တစ်စီးပေါ် တက်သွားခြင်းပင်။

Joy - " Whatttt !! ငါတို့ အစီ အစဉ်တောင် မစရသေးဘူး သူတို့က စကားတောင် ပြောပြီးလို့ ပြန်ပြီလား Ashhhh Lalisa Manoban မင်းတော့ ငါ့ လက်စာ မိပြီမှတ် "

သူတို့ အစီ အစဉ် ပျက်သွားသဖြင့် Joy တစ်ယောက် ထိုသို့ ကြုံးဝါးလိုက်ကာ Lisa ဆီ သွားရန် ခြေလှမ်းစဉ် ဆန့်ကျင်ဘက် လမ်းကနေ လျှောက်လာတဲ့ သူ့ ချစ်သူ အပါအဝင် Nichkhun တို့ အုပ်စုကို တွေ့လိုက်ရသဖြင့် လှမ်းနေတဲ့ ခြေလှမ်းတွေကို ရပ်ကာ ရိုဆယ် လက်စာ မိတော့မည့် ထိုင်းကောင်အား အရသာ ခံ ကြည့်နေလိုက်တော့လေသည်။

After 5 min later,

အခု လက်ရှိ အခြေအနေကို ပြောရရင်တော့ Chaelisa တို့ အတွဲကို စ ပြောရမယ် ဆိုရင်ဖြင့် ပန်းခုံနားမှာ စူပုတ်ပုတ် မျက်နှာပေးနဲ့ လက်ပိုက်ကာ ထိုင်နေတဲ့ Rose ကို ဘယ်ဘက် နားရွက် ဆွဲခံထားရ၍ နီရဲနေသော Lisa က လက်ဖဝါး ၂ ဖက် မီးတောက်အောင် ပွတ်ပြီး တောင်းပန်နေရလေသည်။ကျန်တဲ့ သူတွေမှာတော့ ကားထဲကနေ အခုထိ ထွက်မလာသေးတဲ့ Fany ရည်းစားဆိုသူကိုကော / ကော်ဖီဆိုင်ထဲ ထိုင်လိုက် ကောင်တာဘက် ထသွားလိုက် လုပ်နေတဲ့ Fany ကိုကော အကဲခတ်နေကာ သူတို့ အစီ အစဉ်ကို ဆက်ဖို့ စောင့်နေလေတယ်။

L.A Lovers ☑ Where stories live. Discover now