အိပ်ယာပေါ်မှာစာဖတ်နေတဲ့ ချန်းယောလ်ကို ပြန်ဖို့ ပြောဦးမှပါလေ...။
"ချန်းယောလ် "
"ဟင်.."
စာဖတ်နေရင်း ဆယ်ဟွန်းကို လှည့်ကြည့်လာသည်။
"မင်း အိမ်မပြန်တော့ဘူးလား..."
"ခုနက အလည် တစ်ခေါက်ရောက်ပြီးပြီးလေ...
တစ်ခါ မျက်နာပြ ပြီးတော်ရောပေါ့""မဟုတ်သေးဘူးလေ မင်းကလဲ"
"မင်းက ငါ့ကိုဒီမှာ မနေစေချင်လို့လား"
"မဟုတ်ပါဘူးကွာ...မင်းကလဲ...
မင်းအိမ်ကလဲ မင်းကိုမျှော်နေမှာပေါ့""ဒါဆို ဒီလိုလုပ် "
"ဘယ်လိုလဲ"
"မင်း ငါ့အိမ်လိုက်ခဲ့ရမယ် "
"ငါနဲ့ ဘာဆိုင်လို့လဲ "
"မင်းရှိတဲ့နေရာက ငါ့အိမ်ပဲ...မင်းရှိတဲ့ နေရာမှာပဲ ငါနေမယ်
မင်း ငါ့အိမ် လိုက်မအိပ်ဘူးဆို ငါ အိမ်မပြန်ဘူး...""မင်းကလဲ..."
"မသိဘူးကွာ...ငါပြောတဲ့အတိုင်းပဲလုပ်မှာ...
ငါ့ကို အိမ်ပြန်စေချင်တယ်ဆို မင်းပါ ငါ့ဘက်လိုက်ခဲ့ ဒါပဲ "ပြောပြီးတာနှင့် တစ်ဖက်ကို လှည့်ပြီး စာအုပ်ပြန်ဖတ်သွားသည်။
စာဖတ်နေတယ်ဆိုလို့ အထင်မကြီးနဲ့။
ဘိုဘို ကာတွန်းဖတ်နေတာရယ်။....
....
..."မားမား ပတ်ခ် သားပြန်လာပြီ "
ဆယ်ဟွန်းမှ မလိုက်ရင် အိမ်မပြန်ပါဘူးဆိုလို့ ဆယ်ဟွန်းမှာ မျက်နာ ပူပူနဲ့ သူ့အိမ်လိုက်လာရသည်။
မားမားအို ကိုလဲ ဘယ်လိုတွေပြောခဲ့လဲတော့ ဆယ်ဟွန်းလဲ မသိ။
"အမယ်လေ ပျောက်ချက်သားနော် အမောင်ပတ်ခ်...ဟယ်..
သားဆယ်ဟွန်းလေးလဲ ပါတာကို လာထိုင် လာထိုင် ""ဟုတ်တယ် မားမား...သားသူ့ကို မရ ရအောင်ခေါ်လာတာ
ပီးတော့ သားနဲ့ သူက တူတူ အိပ်မှာ အိပ်ယာ ပြင်ပေးဦး ""ဟုတ်ကဲ့ပါ မောင်မင်းကြီးသားရယ်...
ဒါနဲ့ သားဆယ်ဟွန်းလေး...ဘာစားခဲ့ ပြီလဲ""သား..အိမ်က စားခဲ့ ပါပြီဗျ "
ချန်းယောလ် မားမား ပတ်ခ်ကလေ သူ့သမတ်လောင်းလေးကိုဆို သိပ်အကဲပိုတာပဲ။ ချန်းယောလ်ထက်လဲပိုချစ်နေသလိုပဲ။
ဒါလဲ ကောင်းပါတယ် ယောက္ခမနဲ့ သမတ် တည့်ကြတယ်ဆိုတာ။မားမား ပတ်ခ် အခန်းပြင်နေတုန်း ချန်းယောလ်နား ကပ်ကာ...
"ချန်းယောလ်..."
"ဟေ..."
"မားမားပတ်ခ် ကို ဖက်လုံးပြင်ဖို့ ပြောလိုက်ပါ့လားဟင် "
"ဘာလို့လဲ.."
"ည ညဆို မင်းနဲ့အတူ အိပ်တိုင်း ငါ့ကို ခွအိပ်ရင် အသက်ရှူ ကျပ်လို့"
"ဖက်လုံးကို မဖက်ချင်ပါဘူး မင်းကိုပဲ ဖက်အိပ်ချင်တာ "
"သေနာကောင်.."
"ဒါနဲ့ ဆယ်ဟွန်း အပြင် ခဏသွားရအောင် "
"ဘယ်လဲ ငါပင်ပန်းနေပြီ "
"သိပ်မဝေးပါဘူး ငါတို့ ရှေ့နား ဗေဒင်ဆရာဆီ သွားချင်လို့ "
"ဘာလုပ်ဖို့လဲ"
"Friendzoneထဲက ဘယ်လို ရုန်းထွက်ရမလဲ ဗေဒင် မေးချင်လို့ "
"အရူးကောင်..."
ပါးတွေနီပြီး ရှက်သွေးဖြာနေတဲ့ ဆယ်ဟွန်းက ချစ်ဖို့ကောင်းလွန်းလို့ ချန်းယောလ် အချိန်အကြာကြီး စိုက်ကြည့်နေမိတော့သည်။
...........tbc............
ဟဲဟဲ...ဟီးဟီး...ဟားဟား..
ရည်းစား ဖြစ်စေချင်ပြီလား...🙄
ဖီဖီကတော့ ဖရန့်ဇုံထဲမှာ အကြာကြီးနေစေချင်သေးတယ်
आप पढ़ रहे हैं
F R I E N D Z O N E💩
रोमांसသူငယ်ချင်းလေးပါပဲ... သူငယ်ချင်းလေးပဲတဲ့ကွယ်... ဒီလိုအကြိမ်ကြိမ်အခါခါ ပြောပါနဲ့ ချစ်ရသူလေး..☹ ချစ်တော့ချစ်တယ်...ဒါပေမဲ့ သူငယ်ချင်းပဲတဲ့😌
part8🙂
शुरू से प्रारंभ करें: