Way to you

2.2K 189 23
                                    


အချစ်က မီးတစ်စနဲ့ တူတယ် ဂျွန်း။
ပိုင်ဆိုင်လိုလေ နာကျင်ရလေ ။

ကျွန်တော်က အဲ့ဒီ မီးတစ်စကို ပိုင်ဆိုင်ချင်လွန်းတဲ့
အရူးတစ်ယောက်တဲ့လေ ။

ကျွန်တော် ပန်းတစ်ပွင့် မဖြစ်ချင်ခဲ့ဘူး ဂျွန်း။
ပန်းပွင့်တွေက နင်းချေရလွယ်သလို ကြွေလွင့်လွယ်တာကြောင့်... ။

ကျွန်တော် သတ္တိမရှိဘူး ဂျွန်း ။
ခင်ဗျားမရှိတဲ့ ကမ္ဘာမှာ တစ်ယောက်ထဲ ရှင်သန်ရပ်တည်ဖို့။

အကယ်၍ ဂျွန်းသာ
ကျွန်တော့်ကို ထားသွားခဲ့ရင် ပိုင်ရှင်မရှိတဲ့ ပန်းတွေလိုမျိုး
ကြွေလွင့်သွားရလိမ့်မယ်...။

>>><<<

" ဂျွန်း ဘယ်မှာလဲ! ငါမေးနေတာ ဖြေကြလေ! "

အိမ်တော်အတွင်းရှိ Tae Hyung ၏ အခန်းတွင်
မုန်တိုင်း ဝင်ထားသကဲ့သို့ အခန်းတစ်ခုလုံး မွစာကြဲနေ၏။
ပန်းအိုး အပိုင်းအစတို့နှင့်အတူ
အစိတ်စိတ်အမြွှာမြွာ ပြန့်ကြဲနေသော မှန်စတို့ကလည်း
တည်ရှိနေလေ၏..။ ဆေးရုံမှ မရမက ဆင်းချလာပြီး
အိမ်တော်တွင် သူရှာနေသည့် လူကို မတွေ့တာကြောင့်
အတော်လေး ဂျီကျနေသည်။
လက်ကောက်ဝတ်တွင် စည်းထားသော ပတ်တီးစတို့မှ
သွေးတစ်စိမ့်စိမ့် ထွက်နေခြင်းကို အထင်းသား မြင်ရပါ၏ ။
သက်တော်စောင့်များနှင့် အိမ်အကူတွေကလည်း
အနားပင်မကပ်ရဲကြ။ သူတို့လုပ်သက်တစ်လျှောက်
သခင်လေး၏ ဆိုးဝါးလှသည့် ပုံစံဟာ ပထမဆုံး အကြိမ်
ဖြစ်နေခဲ့သောကြောင့်... ။

" အားးးး! "

အစွဲအလမ်းကြီးလွန်းသည့် Tae Hyung ၏
အာခေါင်ခြစ်ကာ အော်ချလိုက်သည့် အသံကြောင့်
သူတို့ အားလုံးမှာလည်း
အထိတ်ထိတ်အပြာပြာဖြစ်နေရ၏။ Tae Hyung ၏
ဆံပင်တို့ကလည်း ရှူပ်ထွေးနေပြီး မျက်နှာပေါ်က
မျက်ရည်စီးချောင်းတို့နှင့် ပေရေနေသေးသည် ။
နီစပ်စပ် မျက်ဝန်းတို့ကလည်း စိတ္တဇ တစ်ယောက်လို ။
အရင်တုန်းက... သူ့ခံစားချက်တို့ကို
ဖော်ပြလေ့ သိပ်မရှိသည်ကြောင့်လား.. ယခုအခြေအနေကို
သူတို့ ဘယ်လို ထိန်းချုပ်သင့်လဲ
တကယ်ပင် မသိတော့..။ အခုချိန်မှာ အလိုအပ်ဆုံးက
သူတို့ ခေါင်းဆောင်ကြီးပင်။

Unwanted Where stories live. Discover now