Love me more 💛

6.1K 620 52
                                    

"Hun "

စူပုပ်​ပုပ်​နဲ့ အနားကပ်​လာတော့
သူမျက်​ခုံးပင့်​သွားရသည်​။

ခုနက သင်​တန်းကကြိုလာတည်းက
မျက်​နှာမကောင်းတာသိသည်​။

အိမ်​ရောက်​မှ ချော့မေးဖို့ ကြံထားကာ
စူပုပ်​ပြီး သူ့ဘေးခုံမှာ ကပ်​သပ်​လိမ်​ဖယ်​ပြီး
ပြန်​ပါလာသည့်​ ဒီပုကျိလေးကို
သူ့မှာ အရိပ်​တကြည့်​ကြည့်​ဖြစ်​ခဲ့ရသည်​။

အခုတော့ အိမ်​ရောက်​လို့ သူအဝတ်​လဲဖို့
ကြံကာရှိသေး။
သူ့နားလာကာ သူချွတ်​လိုက်​သည့်
ကုတ်​အင်္ကျီကိုဆွဲယူရင်း စကားစလာခဲ့ပြီ။

"ကျွန်​တော်​ သင်​တန်းမတက်​ချင်​တော့ဘူး။"

စိတ်​အပြောင်းအလဲမြန်​သည့်​ ကလေးငယ်​က
ဘာဖြစ်​လာပြန်သလဲလေ။

ရှပ်​အင်္ကျီကြယ်​သီးဖြုတ်​လက်​စကို
ဆက်​မချွတ်​ဖြစ်​ဘဲ ပိကျိလေးကိုသာ
လက်​ကဆွဲပြီး ကုတင်​မှာထိုင်​စေရသည်​။

"ကဲ ဘာလို့တုန်း။
အဲ့သင်​တန်းက Han လေး တက်​ချင်​တယ်​ဆိုလို့
ကိုယ်​ထားပေးတာလေ။"

အိမ်​မှာနေရတာ ပျင်းလို့ JongIn တို့ဆိုင်​မှာ
ဝင်​လုပ်​ချင်​ပါသည်​ဆိုလို့  လွှတ်​ပေးရသည့်​အပြင်
Piano သင်​တန်းတက်​ချင်​သည်​ဆိုတာကြောင့်​လဲ
သူရုံးသွားတဲ့လမ်းနဲ့ လမ်းသင့်​တဲ့ သင်​တန်းမှာ
အပ်​ပေးထားခဲ့တာ။

တက်​တာပဲ တစ်​ပတ်​ရှိပြီ။
ဘာသံမှ မကြားရဘဲ အခုနောက်​တစ်​ပတ်​ကျမှ
ဘာဖြစ်​ပြန်​သည်​လဲမသိ။

"ဟုတ်​တော့ ဟုတ်​တယ်​ လေ။
အရင်​က တက်​ချင်​တာ.....
အခုကျ အမြင်​ကက်​လို့ မတက်​ချင်​တော့....တာ။"

ကုတင်​ပေါ်ခြေတွဲလောင်းထိုင်​ရာကနေ
သူ့ရှေ့ ဒူးတစ်​ဖက်​ထောက်​ထိုင်​နေသည့်
Sehun ပခုံးကို လက်​က ဆုပ်​ကိုင်​ထားရင်း
မျက်​နှာက စူပုပ်​နေဆဲပင်​။

"ဘာကိုအမြင်​ကက်​တာတုန်း
ဘယ်​သူက Han ကို အနိုင်​ကျင့်​သလဲ။"

စိတ်​ပါလက်​ပါ မာန်ပါပါနဲ့
ခပ်​တင်းတင်းမေးလိုက်​တော့
သူ့ကို အားကိုးလာသလိုမျိုး
သူ့လည်​ပင်းကို လက်​ဝါးနှစ်​ဖက်​နဲ့ အုပ်​ကိုင်​လာပြီး
ခြေထောက်​တွေကပါ သူ့ရင်​ဘက်​နားကို
သိုင်းခွလာသည်​။

လိ​မ္မော်​သီး 🍊 လိ​မ္မော်​သီး 🍊Where stories live. Discover now