ဘွဲ့ယူပြီးတဲ့အခါ

Start from the beginning
                                    

2️⃣ ️ကိုယ်ပိုင်လုပ်ငန်းတခုစလုပ်ပါ
Be innovative,and sometimes you need to think outside the box
ကျောင်းပြီးရင် ကိုယ်တကယ်လုပ်ချင်တဲ့ အပြောင်းအလဲတွေ လုပ်ရဲရင် လုပ်ခွင့်ရှိပါပြီ...
ရထားတာ ဓာတုဘွဲ့....ကိုယ်လုပ်ချင်တာ အဆိုတော်...
Physics နဲ့ ကျောင်းပြီးတယ် tour guide လုပ်မယ်
ဘာဖြစ်လည်း ဘွဲ့တွေမေ့ပြီး ကိုယ်လိုချင်တာ ရအောင်ယူပေါ့..
တချို့တွေ ကုမ္မဏီတွေမှာ ဝင်လုပ်နေချိန် ကိုယ်က ကိုယ့်အဖေနဲ့ တောင်သူ ဝင်လုပ်နေလို့လည်းရတာပဲ..ဒါပေမယ့် ဘာပဲလုပ်လုပ် ဆန်းသစ်တဲ့အတွေးတွေ ခေတ်ကိုမျက်ခြေမပြတ်လိုက်နိုင်ရင် အောင်မြင်မှာပါ...
စိုက်ပျိုးရေး နည်းအသစ်တွ ဈေးကွက်အပြာင်းအလဲတွေ
ကမ္ဘာလိုအပ်ချက်တွေ.....စတဲ့ သတင်းတွေအမြဲမပြတ်သိနေရင် မြန်မာပြည်က လိုအပ်နေတဲ့ ခေတ်သစ်တောင်သူဦးကြီးတစ်ယောက်တောင် ဖြစ်နိုင်သေးတယ်
ကျောင်းကနေပြီးတယ် Software developer လုပ်ချင်တယ် ကြိုးစားပေါ့
၂၁ရာစုမှာ ကိုယ်ဖြစ်ချင်တာ ဖြစ်ခွင့်ရှိတာပဲ..
Rich kid မဟုတ်တော့ သူများထက်တော့ ပိုကြိုးစားရမှာပေါ့ ပိုပင်ပန်းမှာပေါ့....
ကိုယ်ပိုင်အလုပ်ဆိုတော့ လွတ်လပ်တယ် ဒါပေမယ့် တာဝန်ယူမှုရှိရမယ် အလုပ်နဲ့ဆိုင်တာတွေအကုန် ကိုယ်ကပဲ ဒိုင်ခံစဉ်းစားရမယ် အရှုံး အမြတ် ဘာထွက်ထွက် ကိုယ့်ပေါ်မှာပဲ မူတည်တယ်...ကိုယ့်အစွမ်းအစသည်သာ ကိုယ့်ပိုင်ဆိုင်မှုပဲလေ
"ကိုယ်ပိုင်အလုပ်တော့ လုပ်ချင်ပါရဲ့ အရင်းအနှီးမရှိဘူး" လို့ လာမပြောပါနဲ့.....အချိန် ဆန်းသစ်တီထွင်မှု အမြင်ကျယ်မှု
လုပ်ချင်စိတ်ရှိမှု ဒါတွေရှိရင် သေချာပေါက် အောင်မြင်မှာပါ
ပတ်ဝန်းကျင်က ပြောနေတဲ့ အရေးမပါတာတွေ ဂရုကိုစိုက်မနေနဲ့ ကိုယ့်အကြောင်းကို ကိုယ်သာအသိဆုံး....
ကိုယ်ဘာလုပ်ချင်တယ် ကိုယ်ဘာလိုအပ်နေတယ်
ဘယ်လိုမှ ကိုယ်ပျော်ရမယ် ကိုယ်သာအသိဆုံးပါ...
ရဲရဲဝင့်ဝင့်သာ ပြောင်းလဲ လုပ်ဆောင်ပါ

3️⃣ ️နောက်တချက်ကတော့ အလုပ်မလုပ်ချင်သေးရင် ဒါမှမဟုတ် ကိုယ်လေ့လာနေတဲ့ ဘာသာရပ်ကို တကယ်စိတ်ဝင်စားရင် ဘွဲ့လွန် ဆက်တက်ပါ
အခုချိန်မှာ scholarship တွေကလည်း နိုင်ငံတကာကပေးနေပါပြီ ကိုယ့်ဘက်ကသာ အရည်အချင်းနဲ့ ပြည့်စုံရင် အချိန်မရွေး နိုင်ငံခြားမှာ ဘွဲ့လွန်တက်လို့ရပါတယ်
ဘွဲ့လွန်ကို ပျော်ဖို့အတွက်တော့ မတွက်ပါနဲ့ ပေးရတဲ့ အချိန်တွေက နှမျောစရာကြီးပါ
ဘွဲ့လွန်တက်ပြီး နိုင်ငံတကာအတွေ့အကြုံတွေရယူပါ

4️⃣ ️နောက်ဆုံးတခုကတော့ အလုပ်လည်းမလုပ်ချင်သေး ဘွဲ့လွန်လည်း ဆက်မတက်ချင်ရင်တော့
Gap year တစ်နှစ်လောက်ယူလိုက်ပါ
ခရီးတွေထွက်ပါ ဘာသာစကားအသစ်သင်ယူတာတို့ စိတ်ဝင်စားတဲ့ပညာရပ်တခု သင်ယူတာတို့ လုပ်ပါ
လူကြီးလူကောင်းပီသအောင် လေ့လာသင်ယူနေထိုင်ပါ
ခရီးတွေသွားချင်ကနေ ဆန်းသစ်တဲ့အတွေးတွေ နောင်တချိန်မှာ အသုံးဝင်မည့် time-management လို planning လို
Skill မျိုးတွေရနိုင်ပါတယ်..
ကိုယ်နောင်တချိန်မှာ လုပ်ဖို့စဉ်းစားထားတဲ့ ကိစ္စတွေကိုလည်း သေချာစဉ်းစားနိုင်ပါတယ် လိုအပ်တဲ့ အသိပညာဗဟုသုတတွေလည်း ဖြည့်ဆည်းနိုင်ပါတယ်
ဒါပေမယ့် ပိုက်ဆံတော့ ကုန်မှာ အသေအချာပါပဲ..

နောက်ဆုံးပြောချင်တာကတော့ ကျွန်တော်တို့ လူငယ်တွေ ဘာပဲလုပ်လုပ် ကိုယ်နိုင်ငံအတွက်ဆိုတာလေး ထည့်ပြီး ကြိုးစားကျစေချင်ပါတယ်.
Good Luck to you all! @KoTint

#Graduation #Career #Future
#LiveTheDream

Sharing Is Caring....Where stories live. Discover now